ထပ်တလဲလဲ နာကျင်နေမဲ့အစား
မုသားချိုချိုက ပိုတပ်မက်ဖို့ကောင်းတယ်
~~~~~~~~~~~~~~~
" မဆိုးဘူး မင်းဘာသာ မင်းဆိုး ~~ "
" မရဘူး Jongdae မင်းဆံပင်အရောင်
ဆိုးကိုဆိုးရမယ် ~~ "" ________ "
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တွင် အော်ကြီးဟစ်ကျယ်
ငြင်းခုန်နေကြသော ကျနော်တို့နှစ်ယောက်ကို
ဘေးပတ်ဝန်းကျင်မှ မျက်လုံးအပြူးသားနဲ့
ဝိုင်းကြည့်နေကြသော်လည်း ထိုမျက်ဝန်းပေါင်း
များစွာကို ဂရုမစိုက်အား ~~ဒီနေ့ Jongdae ဆံပင်အရောင်မပြောင်းမချင်း
ဤဆိုင်မှ မပြန်ဘူးဟူ၍ တင်းခံနေသော
ကျနော့်နှင့် လုံးဝမဆိုးဘူးဟု ဘူးခံငြင်းနေသော
သူ ~~ကြားထဲက အလုပ်သမား ကောင်မလေးက
အထိပ်ထိပ်အလန့်လန့်နဲ့ ~~" Kim Jongdae မင်းဆိုးကို ဆိုးရမယ် "
အမြဲတစေ ဆံပင်အနက်ရောင်နှင့် သာမာန်ထက်
အသက်ကြီးသယောင်ထင်ရသော သူကို
အများစုက ရင့်ကျက်သူလူကြီးတစ်ယောက်အဖြစ်
ထင်မှတ်ထားကြသည်ကို ကျနော်လုံးဝမကျေနပ်တစ်စက်ကလေးမှ ကြည့်မရချေ ~~
" လုံးဝဘဲ !!!!! "
ဆိုင်ထဲကလှည့်ထွက်ရန်ပြင်နေသော သူ့ကို
လက်ကနေအတင်းဆွဲတော့ မရမက ပြန်ရုန်း
လေသည်လူစည်ကားသောနေရာတွင် ကိုရိုးကားယား
ဖြစ်နေသော ကျနော်တို့နှစ်ယောက်ရန်ပွဲကို
သိသိသာသာရော မသိမသာပါ အကဲခတ်နေ
ကြသည့် လူများအား မရှက်နိုင်ဘဲ ကျနော်
ဖြစ်ချင်သည့်အရာအား ဖြစ်အောင်လုပ်မည်ဟု
ုသာ ဆုံးဖြတ်ထားသည်" ဘယ်လိုဖြစ်နေတာလဲ Jongin ~~
ငါမကြိုက်ဘူးလို့ပြောနေတယ်လေ "
![](https://img.wattpad.com/cover/122537202-288-k193603.jpg)
VOUS LISEZ
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်