အပိုင်း ~ ၁၀

1.5K 223 25
                                        

ပထမဆုံး ဖွင့်​ဟခဲ့တဲ့ ဝန်​ခံချက်​​လေးက
အူ​ကြောင်​​ကြောင်​နဲ့ ချိုမြိန်​ခဲ့သား ~~

~~~~~~~~~~~~~~~~~

" အခုချက်​ချင်း အဲ့အဝတ်​အစားကို ပြန်​လဲလို​က်​ပါ
Kim Jongdae shi "

ကုပ်​​မှောင်​​နေ​သော Jongin မျက်​နှာသည်
မဲပုတ်​​နေ​သော​ကြောင့် ​ရယ်​ချင်​လာသည့်​စိတ်​ကို
အောင့်​အီးထားရင်း မျက်​စိ​ရှေ့က ခါး​ထောက်​ကာ
ကန့်​လန့်​ရပ်​​နေ​သော သူ့အား မှုန်​​တေ​တေ
ပြန်​ကြည့်​ပြီး လုံးဝမလဲနိုင်​​ကြောင်း
ငြင်းချက်​ပြန်​ထုတ်​​တော့ ~~

" လုံးဝမလဲနိုင်​ဘူး ~~ "

Luggage ဆွဲကာ သူ့​ရှေ့က​နေ လှုပ်​ရွပြီး
ထွက်​လာ​တော့ ​နောက်​က​နေ ​တောက်
တစ်​​ခေါက်​​ခေါက်​နဲ့ ​ဒေါခွီးပြီး ကျန်​ခဲ့​လေရဲ့

" Ya !!!! Kim Jongdae !!! "

အချိန်​နှစ်​လသာ ကြာခဲ့သည်

သူနှင့်​ကျ​နော်​၏ ဆက်​ဆံ​ရေးသည်​ ဘာမှ
ထူးထူးခြားခြား ​ပြောင်းလဲသွားခြင်းမရှိ

တစ်​ခါတစ်​​လေ တည့်​သည့်​အချိန်​လည်းရှိသလို
များ​သောအားဖြင့်​က​တော့ သူ​အော်​ကိုယ်​​အော်​နှင့်
ရန်​ဖြစ်​​နေသည်​ကများသည်

နွေဦး​ရောက်​လာပြီဖြစ်​သဖြင့်​ ကြည်​လင်​​နေ​သော
နေ​ရောင်​နှင့်​ ပူလည်းမပူ ​အေးလည်းမ​အေး​သော
ရာသီဥတုမျိုးကို ကျ​နော်​နှစ်​သက်​သည်

အိမ်​လည်းမပြန်​ဘဲ ဤတိုက်​ခန်းတွင်
သောင်​တင်​​နေသည်​မှာ အခုအချိန်​အထိ

Jongin အ​မေက​တော့ ကျ​နော့်​အ​ဖေနှင့်
တော်​​တော်​​ပျော်​​နေသည်​ထင်

မွေးလာမည့်​က​လေးကိုလည်း ​တော်​​တော်​​လေး
ဂရုစိုက်​ကြပုံပင်

ထို​ကြောင့်

ကျ​နော်​တို့နှစ်​​ယောက်​ကို မည်​သူမှ အ​ရေးအယူ
မပြုကြ​တော့

|| Sweet Lies ||Tempat cerita menjadi hidup. Temukan sekarang