အပိုင်း ~ ၂၁

1.2K 172 8
                                        

" မင်း Jongin အ​ပေါ်မရိုးသားဘူးဆိုတာ
အမှန်​ဘဲလား Kim Jongdae ???!!!! "

" ဟုတ်​တယ်​ အ​ဖေ "

မ​ရှေးမ​နှောင်းကြားလိုက်​ရ​သော ရိုက်​နှက်​သံ
တစ်​ချက်​နှင့်​အတူ ပြိုလဲကျသွား​သော
Jongdae ​ကြောင့်​ ရပ်​​နေ​သော ​​နေရာက​နေ
ပြေးထွက်​လာ​သည့်​ ကျ​နော့်​ကို ​လက်​​မောင်း
မှ ဆွဲကာ ဟန့်​တားခံလိုက်​ရသည်

" အမကြီး Kim ကျ​နော့်​ကိုလွှတ်​​ပေး "

" ​အခွင့်​အ​ရေး​ကောင်းတစ်​ခုကို ဒီတိုင်း​တော့
လက်​လွှတ်​​မ​ပေးနိုင်​ဘူး "

အင်​မတန်​မှ ​ကျေနပ်​​​နေပုံရ​သော အ​မေဖြစ်
သူကို ပထမဆုံးအကြိမ်​စိတ်​နာမိသည်

" Jongdae ကိုကျ​နော်​ချစ်​တယ်​ "

" လာပြန်​ပြီ ဒီအချစ်​ ~~ နင်​တို့က​လေး​တွေ
လည်းအသိဥာဏ်​ထဲမှာ အချစ်​ကလွဲပြီး
ဘာမှမရှိဘူးလား ?? "

မဲ့ရွဲ့ကာ ​ဝေဖန်​​ရေးလုပ်​​နေ​သော အမကြီး Kim
ကို မည်​သည်​မှပြန်​​ပြောလိုခြင်းမရှိသဖြင့်
ဆွဲကိုင်​ထား​သော လက်​ကို ဖြုတ်​ချ လိုက်​​တော့
မယုံနိုင်​သလို အကြည့်​အချို့က သိပ်​စာရင်းသွင်း
စရာမလို ~~

" ငါအရမ်းရှက်​တယ်​ Kim Jongdae
မင်းက ~~ ​ယောကျာ်းတစ်​​ယောက်
မဟုတ်​ဘူး ကိုယ့်​ညီကို မသန့်​ရှင်းတဲ့စိတ်
ထားတာကို ငါဘယ်​လိုနည်းနဲ့မှ နားလည်
မ​ပေးနိုင်​ဘူး ~~ လုံးဝလက်​မခံနိုင်​ဘူး "

" အ​ဖေလက်​ခံ​ပေးစရာမလိုသလို ~~ နားလည်
ပေးစရာလည်းမလိုဘူး "

ဘာလို့များ
ဖြစ်​လာသမျှကိစ္စတိုင်းကို တစ်​​ယောက်​တည်း
ဖြေရှင်းဖို့ ကြိုးစား​နေရတာလဲ Kim Jongdae

ငါက မင်းအတွက်​ အဲ့​လောက်​ထိ​တောင်
အကူအညီမရဘူးလား ????

" Jongin ~~ "

" Kim Jongin ~~ "

အံ့သြသွားပုံရ​သော သူက ကျ​နော့်​အား
ရှေ့ဆက်​မတိုးရန်​ ​ခေါင်းခါပြသည်

" Jongin ဘာ​ပြောလိုက်​တာလဲ ?? "

အ​ဖေသည်​ ကျ​နော်​နှင့်​ Jongdae ယှဉ်​လျှင်
ကျ​နော့်​အား ပိုဂရုစိုက်​သည်​ဟု ဆိုရမည်​ပင်

|| Sweet Lies ||حيث تعيش القصص. اكتشف الآن