သူဆော့ကစားသွားသော နှုတ်ခမ်းတစ်စုံက
ချိုမြမြအနမ်းထပ် သူ၏နာကျင်မှုအား
ထပ်တူ ခံစားရသော နှလုံးသားသည်
ပြင်းစွာ မရပ်မနား လှုပ်ခတ်သည်
အောင့်တက်လာသော ရင်ဘက်ကို ဆုတ်ကိုင်
ရင်း ကျနော့်ရှေ့ ဒူးထောက်အသနားခံနေသော
Jongin ပခုံးပေါ် မှီချလိုက်သည်
" နာကျင်လိုက်တာ Jongin ရယ် ~~~~
ဘာလို့ငါတို့အချစ်က မရိုးဖြောင့်ရတာလဲ
ဟင် ??? "
အသက်ရှုရပ်မတက် ရှိုက်ငင်နေသည့်
ကျနော့်ကို သူသိုင်းဖက်ကာ
ရင်ခွင်ထက်တွင် အနားယူစေသည်
" ငါ့ကိုလက်လွှတ်လိုက်ဖို့ မစဉ်းစားပါနဲ့ ~~~
နာကျင်ရမဲ့အကြောင်း ပြချက်တွေရှာပြီး ငါ့ဆီက
မထွက်သွားပါနဲ့ ~~~ "
အလဲလဲအကွဲကွဲ အရူးပမာ ခြောက်ခြားမှု
မျိုးဖြင့် ခပ်လျော့လျော့တောင်းဆိုလေသောအခါ
ဆင့်ကာဆွေးသော အသိတရားက
ဖြူ ရော်ရော် စိတ်ဝိဥာဉ်အား အခါခါ
သေစေပြန်သည်
" ငါတို့က မဖြစ်နိုင်တာ သိတယ်နော်
Jongin ~~~ မင်းနဲ့ငါ တူညီတဲ့
သွေးစီးဆင်းနေတာကို မမေ့သင့်ဘူး "
ကျနော်သာသိသည့် အမှန်တရားကို
Jongin အားထပ်ကာထပ်ကာ
လိမ်ညာမိပြန်သည်
စတွေ့ကတည်းက Jongin ကိုမြင်မြင်ချင်း
ချစ်လွန်း၍ အထိခိုက်မခံသော ကျနော့်ကို
Jongin မိခင်က အားနည်းချက်အဖြစ်
ဆုတ်ကိုင်ကာ ကျနော့်အား အမွေဆက်ခံ
ခြင်းမှ လက်ရှောင်စေသည်
လောဘကြီးလွန်းသော သူမသည်
မိမိသားအရင်းနဲ့တောင် ကျနော့်ကို
ခြိမ်းခြောက်ပြီး အိမ်ကြီးရှင်နေရာထိုင်ကာ
အခုဆိုလျှင် အဖေ၏သွေးသားကိုပါ
ကိုယ်ဝန်လွယ်ထားရသဖြင့် Jongin
ကိုပါ အမှိုက်တစ်စနှယ် ရှင်းထုတ်မည့်ပုံပင်
ကျန်သော ကျနော့်အမည်နှင့် ရလာဦးမည့်
ပိုင်ဆိုင်မှုများကိုပါ တပ်မက်လာပြီး
ကျနော်နှင့်ထားခဲ့သည့် လျို့ဝှက်ကတိစကား
အား ချိုးဖောက်ရန် အတွေးရှိလိမ့်မည်
VOCÊ ESTÁ LENDO
|| Sweet Lies ||
Fanficနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
