သူ့ကိုယ်ကြီးမှ အားမနာ ကျနော့်ခါးကို
အသေအကြေဖက်ပြီး ရင်ခွင်ထဲအတင်း
ဝင်တိုးနေတဲ့ ဝက်ဝံညိုကြောင့် သဘောကျစွာ
ပြုံးမိလိုက်သေးသည်
ခေါင်းနာမှာစိုး၍ ခေါင်းအုံးထိုးပေးတာကိုတောင်
လွှင့်ပစ်ပြီး ကျနော့်လက်မောင်းကိုအပိုင်စား
ယူထားသော အမောင် Kim Jongin
ကြောင့် ကျနော့်မှာ သူနိုးသွားမည်ကို
စိုး၍ လှုပ်တောင်မလှုပ်ရဲချေ
မျက်လုံးကိုဖုံးကာ ဖရိုဖရဲ ကျနေသော
ဆံစအချို့ကို သပ်တင်ပေးရင်း နှဖူးပြင်ကိုပါ
မြတ်နိုးစွာ အနမ်းခြွေတော့ ရင်ခွင်ထဲက
ပြုံးယောင်သန်းသွားသော Kim Jongin
သည် မည်သည့်အချိန်ထဲက နိုးနေမှန်းမသိ
" လဒ နိုးနေရင်လည်း ထကွာ ~~ "
" ဟင်အင်း ~~ မင်းရင်ခွင်ထဲမှာ
နေရတာ အရသာရှိတယ် "
သူခေါင်းတိုးရာအရပ်ဖြစ်သည့် ကျနော့်ရင်ဘက်
ကို တစ်ရှုံ့ရှုံ့လိုက်နမ်းရင်း လွန်စွာ
သဘောခွေ့နေပါသော ထိုသကောင့်သားအား
အမြင်ကပ်,ကပ်နှင့် တွန်းထုတ်လိုက်တော့
ပျားရည်အိုးပျောက်သော ဝက်ဝံပေါက်
တစ်ကောင် ညည်းပုံမျိုးဖြင့် တစ်အိအိ ထိုင်ညည်း
နေသော အသံညှောင့်စိစိကြောင့်
ကျောတွေချမ်းကာ အူတွေယားလွန်းလို့ နေမရ
ထိုင်မရတောင် ဖြစ်မိသည်
" မင်းထဲမှာ အိပ်ချင်တာ ~~
နော် ~~ နော် "
" အိစ် ~~~ "
ဘယ်လိုတွေတောင် အစမရှိအဆုံးမရှိ
ပြောနေတာတုန်း ~~
သူကတော့ ပြောလို့ပြောလိုက်မှန်းတောင်
သိမယ်မထင်
ကျနော်ကသာ ထိုစကားကြားပြီး ထပြေးချင်စိတ်
တောင် ပေါက်တယ် ~~
" စကားပြောရင် ရှင်းရှင်းပြော Kim Jongin
ရဲ့ ~~ နားထောင်ရတာ ကန့်လန့်ကြီး ~~ "
" ငါက ဘာပြောလို့လဲ ~~ "
မျက်နှာငယ်လေးနှင့် သူလွှင့်ပစ်ထားသော
ခေါင်းအုံးကိုပိုက်ကာ သနားစရာအသံနှင့်
ထို Kim Jongin သည် ဆေးများ
မှားစားထားသလားမသိ ~~
KAMU SEDANG MEMBACA
|| Sweet Lies ||
Fiksi Penggemarနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
