လျစ်လျူ ရှုပစ်ခဲ့တဲ့ အမှန်တရားတွေထက်
မျက်စိမှိတ်ပစ်ယုံထားတဲ့ အလိမ်အညာအချို့က
နာကျင်မှုမဲ့သတဲ့ ~~
~~~~~~~~~~
အမှန်တကယ်ပင် လော့ချထားသော
တံခါးချပ်ကြောင့် စိတ်ထဲတွင်
Kim Jongdae ဟူသော သကောင့်သားအား
ရစရာမရှိ ကျိန်ဆဲမိသည်
မနက်လာနိုးတဲ့ အစ်မကြီး Kim သာ
အခန်းထဲ ကျနော်မရှိမှန်း သိသွားလျှင်
လုပ်ပိုင်ခွင့်အားလုံး ချိတ်ပိတ်ခံရလိမ့်မည်
သူကသာ သားအလိမ္မာလုပ်နေသော
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး
အယောင်ဆောင် လူလိမ်တစ်ဦး ဆိုတာ
ကျနော်သာ သိသည်
ကျနော့်ကိုမူ ဆိုးသွမ်းတဲ့ ထိန်းမနိုင်တဲ့
သားမိုက်အဖြစ် သူကိုယ်တိုင်ပင်
လုပ်ဇာတ်တစ်ခုအဖြစ် ဖန်တီးယူသည်
မလူးသာ မလွန့်သာ ဖြစ်နေသော
ကျနော့်အခြေအနေသည် ပေ ၂၀ မက
မြင့်သော နှစ်ထပ်တိုက်ပေါ်က မချိမဆန့်
ပြုတ်ကျ သေမည့်ကိန်း ~~
လက်တစ်ဖဝါး သာသာ , သာ ရှိသော
ဘောင်ပေါ်တွင် ဟိုလဒကောင်၏ အခန်း
ပြတင်းပေါက်အစွန်အား မမှီမကန်း ကိုင်ထိန်းရင်း
မတိုးမကျယ် အော်ခေါ်မိသည်
အားနေသည့် လက်တစ်ဖက်ကပါ ~~
တခါးချပ်အား ခပ်သာသာခေါက်ရင်း ~~
" Jongdae မင်းမအိပ်သေးတာ
ငါသိတယ်နော် ~~ တံခါးလာဖွင့်ပေး
ခွေးကောင် ~~ "
ထုံကျဉ်လာပြီး လက်အံသေလုမတက်
ဖြစ်လာသော်လည်း နည်းနည်းမှမလှုပ်ရဲ
အခန်းထဲရောက်လို့ကတော့ ထိုလဒအား
အသေသတ်မည်ဟု အားရပါးရ စိတ်ထဲတွင်
ကြုံးဝါးနေပါသော်လည်း တကယ်သေမည့်
ဘေးနှင့် ရင်ဆိုင်နေရသူမှာ ကျနော်ပင် ~~
" ငါသေရင် သရဲအဖြစ်နဲ့လာပြီး
မင်းကို ပြန်လက်စားချေပြမယ် ~~ "
YOU ARE READING
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
