အပိုင်း ~ ၂၃

1.2K 171 28
                                    

အနည်းငယ်​​တောင်​မျက်​နှာပျက်​ယွင်းသွားခြင်း
မရှိသည့်​ အကြင်​သူအား ​ယောကျာ်းပီသ
လွန်းသူဟုဘဲ ထင်​မှတ်​ရမလား ??
ထိန်းချု ပ်​နိုင်​စွမ်း ကြီးမားလွန်းသူဟုဘဲ
ထောပနာပြုရမလား ??? မသိ ???

သူ့အ​ပေါ်မိုးကာ ​နေရာယူထား​သော ကျ​နော့်​ကို
ဖုတ်​​လေငပိ​ ရှိတယ်​လို့​​တောင်​မထင်​ဘဲ
ခပ်​​အေး​အေးမျက်​ဝန်းနဲ့ ဘာလဲဟုသာ
မေးဆပ်​ပြ​သော ထိုလူသားအား
မုန်းလိုက်​ပါဘိ ~~~

" မင်းက​လေ နည်းနည်း​လေး​တောင်
ရိုမန့်​တစ်​ဆန်​ချင်​စရာမ​ကောင်းတဲ့ 
ရေခဲတုံးကြီး "

ကျ​နော့်​လက်​​မောင်းနှစ်​ဖက်​ကြား လွတ်​လမ်းမဲ့
နေ​သော ယုန်​သူငယ်​ဖြစ်​​နေမှန်း သူသိပါလျက်
နဲ့​တောင်​ တစ်​စက်​က​လေးမှ ​ကြောက်​ဟန်
မပြ​သော Kim Jongdae , သူ့အား
စိတ်​ရှိလက်​ရှိ ကိုက်​ဖျက်​လိုက်​ရရင်
အ​ကောင်​အထည်​​တောင်​ကျန်​ပါ့မလားဘဲ !!

" အဲ့​တော့ "

အတန်းချိန်​ဖြစ်​​နေသည့်​အပြင်​ ​အ​တော်​​လေး
ချောင်​ကျ​သော​နေရာဖြစ်​​သော​ကြောင့်
ကျ​နော့်​တို့နှစ်​​ယောက်​အား သတိထားမိသူ
တစ်​​ယောက်​မျှမရှိ ~~

" ဘာ !! အဲ့​တော့လဲ ?? ဒီ​နေရာမှာတင်
ငါမင်းကို တစ်​စမကျန်​စားပစ်​လိုက်​လို့ရတယ်​​နော်
Kim Jongdae shi "

မျက်​ခုံးတစ်​စုံအား ပင့်​ပြကာ စိန်​​ခေါ်သလို
အပြုံး ရွဲ့ရွဲ့​က လွန်​စွာ အမြင်​ကပ်​ဖွယ်
ကောင်းလွန်း​နေ​သော​ကြောင့်
လွတ်​ထွက်​ချင်​​နေ​သော စိတ်​ရိုင်းကို
လျစ်​လျူ ရှုပစ်​လိုက်​ချင်​သည်

" Jongin ဖယ်​ကွာ ~~ ငါအိပ်​ချင်​တယ်​ "

ရုန်းကန်​ခြင်းမရှိ​သော်​လည်း မျက်​နှာလွှဲကာ
ကျ​နော့်​မျက်​ဝန်းအား ​ရှောင်​ဖယ်​သွား​သော
သူသည်​ တစ်​နည်းအားဖြင့်​ အနည်းငယ်​​သော
မျက်​နှာပူမှုအား တိတ်​တဆိတ်​ဖုံးကွယ်​လိုက်​ပုံပင်

" ငါဟာ Kin Jongdae ဆိုတဲ့မင်းရဲ့
အရာအားလုံးကို ချစ်​​နေပုံဘဲ ~~ ငါ့​ကြောင့်
မင်းအ​​နေခက်သွားတဲ့အခါ​​ ငါ​သေမလို​ပျော်​တာ
မင်းသိရဲ့လား ~~ အခုလိုအချိန်​မျိုးဆို ​မင်းရဲ့
မျက်​နှာလွှဲမှု​သေး​သေး​လေးကအစ ငါ့ကို
ရင်​ခုန်​​စေတယ်​ Jongdae "

|| Sweet Lies ||Hikayelerin yaşadığı yer. Şimdi keşfedin