ဘယ်ကနေ ဘယ်လို မှားယွင်းသွားမှန်း မသိခဲ့
သော ကျနော်တို့နှစ်ယောက်၏ဆက်ဆံရေးသည်
ဂွတီးဂွကျနိုင်လှသည်ဂျယ်ဂျူ ကပြန်လာပြီးနောက်ပိုင်း ပို၍ဝေးသွား
သယောင်ထင်ရသော အေးစက်မှုသည်
လွန်စွာ သူစိမ်းဆန်လှသည်ရှင်းပြချင်ခဲ့သည်
တောင်းပန်ချင်ခဲ့သည်
သို့သော်
မိန်းကလေးတစ်ယောက်နှင့် တစ်ညလုံးရှိနေ
သည့် ကျနော့်ကို မျက်မြင်တွေ့တာတောင် တစ်လုံး
တစ်လေမှ မမေးခဲ့သလို တစ်စက်ကလေးမှ
ဒေါသထွက်ဟန်မပြခဲ့သော သူအား
မည်သို့သော စိတ်မျိုးနဲ့ ရှင်းပြရမည်နည်း ~~~ကျနော့်အား ချစ်သည် ဆိုသော သူ့အား
အမှန်တကယ်ပင် မယုံချင်တော့ ~~" ဘယ်လဲ ??? "
ယောက်ယက်ခတ်နေသော မွန်းကျပ်မှုကို
သည်းမခံနိုင်သည့်အဆုံး အပြင်သွားရန်
ပြင်နေသောသူ့အား စကားစမိသည်" အပြင် "
" ဘာသွားလုပ်မှာလဲ ??? "
" တွေ့ရမဲ့သူ ရှိလို့ "
" ဘယ်သူလဲ ??? "
" မင်းမသိတဲ့ ငါ့အသိ "
" မိန်းကလေးလား ??
ယောကျာ်းလေးလား ?? "" ဘာလို့မေးနေတာလဲ Jongin ?? "
ဖိနပ်ကြိုးချည်နေရင်းမှ ကျနော့်မေးခွန်းအား
အမေးနှင့်ပြန်ဖြေသော သူ့စကားကို
ကျနော် ပြန်မဖြေတတ် ~~~ဘာလို့မေးတာလဲ ??
ကျနော် ကိုယ်တိုင်တောင်မသိ
အရင်ကလို အသေးအဖွဲ့လေးကအစ
ပြသာနာရှာ ရန်ဖြစ်ချင်သည်မရမက သူစိတ်ဆိုးသွားအောင်
လိုက်စချင်သည်စိတ်တိုတိုနဲ့ ကျိန်ဆဲမည်စကားလုံးများအား
နားထောင်ချင်သည်
![](https://img.wattpad.com/cover/122537202-288-k193603.jpg)
STAI LEGGENDO
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်