ချစ်စရာမစ်ကီမောက်ဘီးကုပ်လေးနှင့်
မလိုက်ဖက်စွာ ဆူပုတ်နေသော Jongdae
မျက်နှာကိုကြည့်ပြီး မထိန်းနို်င်စွာ အော်ရယ်
မိတော့ မျက်နှာကြီးရဲပြီး အံတကြိတ်ကြိတ်နှင့်
ကျနော့်အား အသံတိတ်ဆဲလေသည်" ချစ်စရာလေး ~~ Kim Jongdae
တို့ အသည်းယားစရာလေးကွာ "" Yarrrrrrrr !!!!!! Kim Jongin
မင်း $ ပါးစပ်ပိတ်တော့နော် ~~ မဟုတ်ရင်
ဒီနေရာမှာတင် မင်းကို သတ်ပြီး ငါထောင်ထဲ
ဝင်ပြမယ် !!!!!! "ဘယ်လိုမှ အရယ်မရပ်နိုင်သော ကျနော့်ကို
အသားကုန်ထုကာ အလွန်အမင်းစိတ်တို
နေသော Jongdae သည် အတော်လေးကို
ချစ်စရာကောင်းနေသည်" မင်း ဒေါသထွက်နေရင် ပိုချစ်ဖို့ ကောင်းတာ
သိလား Jongdae "" ဘာ !!!!! Kim Jongin မင်းဒီနေ့
သေနေ့စေ့ပြီသာမှတ် "တစ်ခါတစ်လေတော့ အခြားချစ်သူစုံတွဲတွေလို
ကြည်နူးစရာတော့ကောင်းသား ~~ကလေးကလားဟုဆိုကာ မသွားချင်ဘူးဟု
ဘူးခံငြင်းနေသော ကစားကွင်းအား
မရမကအတင်း ဆွဲခေါ်လာသူမှာ
ကျနော်ပင်ဖြစ်သည်ကျနော်ကိုယ်တိုင်လည်း ကြိုက်သည်မဟုတ်ပေမဲ့
ရုပ်ရှင်တွေထဲကလို ချစ်စရာဘီးကုပ်လေးတွေ
တပ်ပြီး စားချင်တာလျှောက်စား ဆော့ချင်တာတွေ
ဆော့ အသည်းယားစရာကောင်းသော
ရိုလာကိုစတာ တွေ စီးမည်ဟု စိတ်ကူးပြီး
လာခဲ့ပေမဲ့ တကယ်တည်း ကစားကွင်း
ရောက်တော့ ပိတ်ရက်ကြောင့်ထင်သည်အရမ်းကို များပြားလွန်းသော လူတွေကြား
ဘာမှမလုပ်ရသေးခင် နှစ်ယောက်သား
မူးနောက်သွားသည်" ကဲ ~~ ဒီလောက်လူတွေရှုပ်နေတာ
ဆက်ပြီး နေချင်သေးလို့လား "ခေါင်းပေါ်က အရာကို ဆွဲချွတ်ရင်း
စိတ်မပါစွာပြောသော သူ့ကို ကြည့်ပြီး
ဘာကဘယ်လို ဝမ်းနည်းသွားစေသည်မသိ
![](https://img.wattpad.com/cover/122537202-288-k193603.jpg)
YOU ARE READING
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်