ကြာလာတော့လည်း အလိမ်အညာတွေက
ပင်ပန်းစေတာမို့ ~~
နာကျင်ပါစေ တစ်ခါလောက်တော့
အမှန်တရားတွေနဲ့ ရင်ဆိုင်ချင်လာတာမျိုး ~~
~~~~~~~~~~~~~~~~
" မင်းငါ့ကို ဘယ်အချိန်ထိ ရှောင်နေဦးမှာလဲ
Jongdae ??? "
ကျနော်ကိုယ်တိုင်တောင် တွေးထင်မထားသည့်
လုပ်ရပ်ကြောင့် သူကျနော့်အား ဒေါသထွက်သည်
ကို နားလည်သည်
သို့သော် ~~
တစ်နေ့လုံး စကားပြောဖို့ဝေးစွ ~~ မျက်နှာချင်း
တောင်မဆိုင်တော့ဘဲ ရှောင်,ရှောင်သွားသည့်
သူ့ကို လိုက်ဖမ်းနေရတဲ့ ကျနော့်ဒုက္ခကိုရော
နားလည်ကြရဲ့လား ~~
" လွှတ် ~~ ငါ့မှာမင်းကို ပြောစရာစကား
မရှိဘူး "
တိုက်ခန်းပြန်ရောက်ရောက်ချင်း စကားပြောချိန်
တောင်မပေးဘဲ ရေချိုးခန်းထဲဝင်ပြီး လော့ချကာ
နှစ်နာရီနီးပါးမက ပြန်ထွက်မလာသည့်သူ့ကို
ရူးမတက်စိတ်ပူနေရတာ သူသိမှာလား
" ငါ့မှာရှိတယ် ~~~ ငါ့မှာမင်းကို ပြောစရာ
စကားတွေရှိတယ် ~~ "
သူ့ရှေ့ပိတ်ရပ်ထားသည့် ကျနော့်ကို ရှောင်ပြီး
ထွက်သွားမည့်ဟန်ပြင်နေသော သူ့အား
လက်ကနေ အတင်းဖမ်းဆုတ်ရင်း ကျနော့်
ရင်တွင်းက အစိုင်အခဲထုကို ဖြည်ချမိသည်
" မနက်ကပြောခဲ့တဲ့စကားနဲ့ အဲ့အနမ်းက
လုပ်ဇာတ်သက်သက်လို့ ထင်နေတာလား ~~
Ga In လမ်းခွဲသွားအောင် တမင်လုပ်ခဲ့တဲ့
အလိမ်အညာတွေလို့ မင်းထင်နေတာလား ~~
ပြောလေ Jongdae ~~ "
" မဟုတ်လို့လား ~~ ဘာအထူးအဆန်း
အကြောင်းပြချက်ရှိဦးမှာလဲ ~~ မင်းဘေးက
အရှုပ်ထုတ်ပျောက်သွားအောင် ငါ့ကို အသုံး
ချခဲ့တာဘဲ မဟုတ်ဘူးလား !!!!!! "
ကျနော်သာ သူ့ကို အသုံးချခဲ့သည်ဆိုလျှင်
အခုလို စိတ်သောကရောက်ပြီး ရူးမတက်
ပူလောင်နေရမှာမဟုတ်ဘူး ~~~
" မင်းကိုရူးမတက်ချစ်ရတဲ့ဒီနှလုံးသားကြီးက
အလိမ်အညာကြီးလား ~~~ ရင်ကွဲမတက်
မင်းကိုမက်မောနေတဲ့ အဲ့အတ္တတွေကရော
အတုအယောင်တွေဘဲလား ~~ ဟမ် ~~
ပြောစမ်းပါ "
နီရဲလာတဲ့သူ့မျက်ဝန်းတစ်စုံနဲ့ တစ်ဆက်ဆက်
တုန်ရီနေတဲ့ သူ့နှုတ်ခမ်းလွှာက သူငိုချင်လာတိုင်း
အတင်းအကျပ်ထိန်းချုပ်ထားတဲ့ အမူအရာမျိုး
သူကတော့ အရာအားလုံး ထိန်းချုပ်နိုင်တဲ့
ခံစားချက်မဲ့သူကြီးလေ ~~
ီ
ကျနော့်လို ဖြစ်နေတဲ့ခံစားချက်ကို ဖွင့်ထုတ်ပြီး
ပေါက်ကွဲပစ်မဲ့သူမျိုး မဟုတ်ဘူးဆိုတော့ ~~
" မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ Jongin "
ပထမအကြိမ်သိမ်းပိုက်မိသည့် ထိုနှုတ်ခမ်းပါး
အား ဒုတိယမြောက် ထပ်ကျူးကျော်တော့
သူကျနော့်ကို မကြိုဆို ~~
တင်းတင်းစေ့ထားသော မလှုပ်မယှက်တုန့်ပြန်မှု
ကိုသာ ကျနော်ရရှိသည်
" ငါမင်းကိုမုန်းတယ်
Kim Jongin ??? "
~~~~~~~~~~~~~~~~~
တိုသွားတယ်နော် 😁😁
အရမ်းအိပ်ချင်နေတာနဲ့ ဆက်မရေးနိုင်တော့လို့
နောက်တစ်ပိုင်းကို ရှည်ပေးမယ်နော်
Miryanaeyo 😘😘
Saranghaeyo 😍😍
VOUS LISEZ
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
