တစ်ဝဲလည်လည်နဲ့ ရုန်းမထွက်နိုင်တဲ့
အလိမ်အညာတွေကို ဘာလို့များ
သိသိကြီးနဲ့ ငြိတွယ်နေရတာတုန်း ~~~~~~~~~~~~~~~~~
အနည်းငယ် မနှစ်မြိုစရာကောင်းတဲ့
အနံ့အသက်တွေ ရနေပေမဲ့ ခဏတာ
နေထိုင်ရေးအတွက်တော့ အနှောက်အယှက်
မပေးနိုင် ~~" ဝင်လေ Jongin ~~ "
တခန်းလုံး ပိတ်အဖြူ လွှမ်းထားသည်ကို
လိုက်ဖယ်ရင်း ကျနော့်ကို စကား
တတွတ်တွတ်ပြောနေသည့် သူ့ကို
တစ်ခါတစ်လေတော့ အားနာမိသား ~~" Jongdae ~~ "
" ဟင် ~~ "
နှုတ်ခမ်းဖျားလေး ကော့တက်ကာ
အပြုံးတစ်ခု ဖြစ်ပေါ်လေတိုင်း
သူ့ကို မနာလိုဖြစ်မိသည်ယောကျာ်းလေးတန်မဲ့ တစ်ချက်တစ်ချက်
လှရက်လွန်းသည့်သူ့ကို တစ်ခါတစ်လေ
စိတ်မချညီအစ်ကို ဖြစ်နေလို့ စိတ်ပူတာမျိုးမဟုတ်ဘဲ
မရိုးရှင်းသော ရင်ခုန်သံကို သတိထားမိ၍
ကြောက်လန့်တကြား ဖုံးဖိလိုက်တိုင်း
အမှန်တရားတစ်ခုက ကျနော့်ကို ရင်ကွဲမတက်
နာကျင်စေသည်" ဗိုက်ဆာတယ် ~~ "
" ဖြစ်ရလေ Jongin ရယ် ~~
ငါကဘာများလဲလို့ ~~ "ကျနော့်ရဲ့ အမြှီးအမောက်မတည့်သော စကားကို
တကယ်ထင်သွားပုံဖြင့် တစ်ခန်းတည်းသာ
ပါသောအိပ်ခန်းထဲကို ခဏဝင်သွားပြီး
ပြန်ထွက်လာချိန်သူ့လက်ထဲ၌ ကျနော်ကိုယ်တိုင်
မနှစ်က မွေးနေ့လက်ဆောင်ပေးထားသည့်
ပိုက်ဆံအိတ်ပါ , ပါလာသည်" ဒီနားမှာ 24 hr store ရှိတယ် သွားရ
အောင် ~~ ခေါက်ဆွဲပြုတ်လောက်တော့
စားရမှာပေါ့ "Kim Jongdae သည် ကျနော့်အား
အမြဲတစေ စိတ်ကျေနပ်အောင် လုပ်ပေး
နိုင်စွမ်းရှိသည်ငယ်ငယ်လေးထဲက အသေးစိတ်ကအစ
အရာရာဂရုစိုက်တက်သော သူ့ကို
အလွန်အမင်း သံယောဇဉ်တွယ်မိသလားမသိ ~
KAMU SEDANG MEMBACA
|| Sweet Lies ||
Fiksi Penggemarနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်