မုသားထဲက ရုန်းမထွက်ခဲ့တာ ~~
မင်းမနာကျင်စေဖို့ပါ ~~~~~~~~~~~~~~~~~~~
" Kim Jongin !!!!! "
ဘယ်အချိန်ထဲကသောက်နေမှန်း မသိရလောက်
အောင် မူးရူးနေပြီး မြောက်များစွာသော အရက်
ပုလင်းထဲ ခေါင်းစိုက်နေသော Kim Jongin
ကြောင့် မနက်စောစော ထိုင်ငိုချချင်မိသည်" ငါကို ရူးစေချင်နေတာလား Jongin
ရယ် ~~ "စိုစွတ်နေဆဲ မျက်ရည်စီးကြောင်းအား
လက်မဖြင့် ဖိသုတ်ပေးတော့ အသစ်ထပ်မံ
ကျဆင်းလာသည့် မျက်ရည်ပူက ကျနော့်ကြောင့်
ဆိုသည့်အပြစ်ကို ခံစားမိသည်မမိုက်မဲပါနဲ့လား Jongin ~~~~
မင်းမျက်ရည်ကြောင့် ငါပိုပြီး အလိမ်အညာတွေကို
မြတ်နိုးမိနေလိမ့်မယ် ~~~Heater မဖွင့်ဘဲ ဒီလောက်အေးစိမ့်နေတာကို
အပေါ်ဝတ်ချွတ်ထားရလားသေချင်နေတာလား Kim Jongin ရယ်
အသိစိတ်သာ ရှိနေရင် ထိုလဒအား
ရိုက်နှက်လိုက်ချင်သည်" Jongin ထ ~~ အခန်းထဲသွားမယ် "
မနိုင်မနင်းသူ့ကိုယ်အား အခန်းထဲ တွဲပို့ပြီး
သက်သောင့်သက်သာ ဖြစ်စေမည့်
တွေ့ရာအင်္ကျီကို ကောက်စွတ်ပေးခဲ့သည်အခန်းထဲကပြန်ထွက်တော့ ကြမ်းပြင်ပေါ်တွင်
ပွစိခက်နေသော ဆိုဂျူ ပုလင်းများစွာကို
ရှင်းလင်းနေချိန် မေမေလေးဆီမှ
ဖုန်းဝင်လာသဖြင့် စိတ်ရှုပ်ရှုပ်နှင့် မကိုင်မဖြစ်
ကိုင်ရသေးသည်" ဘာကိစ္စရှိလို့လဲ မေမေလေး "
" _________ "
" ဘယ်ကိုလာခဲ့ရမလဲ ~~ "
အပြင်တွင် သီးသန့်နှစ်ယောက်တည်း
တွေ့ချင်သည်ဟူသော ချိန်းဆိုချက်အား
Jongin မသိအောင် ဖုန်းကွယ်ထားရပေဦးမည်
YOU ARE READING
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်