အခွင့်မသာတဲ့ တောင်းတမှုတွေကို ~~
မမျှော်လင့်ပါနဲ့တော့လား ~~
~~~~~~~~~~~~~~
ကိုယ်ပေါ်က သာမာန်ထက် လေးလံနေသော
အလေးချိန်ကြောင့် အသက်ရှုကျပ်ရုံတင်မက
လန့်နိုးလာသဖြင့် အိပ်မရအောင် အနှောက်
အယှက်ပေးနေသော ထိုဘာမှန်းညာမှန်း
မသိသော အရာအား ကန်ချရန် မိမိမျက်လုံးကို
မဖွင့်ချင်ဖွင့်ချင် ဖွင့်လိုက်သောအခါ" ဟ ~~ ဘာကြီးတုန်း "
ဝေဝါးနေသောအမြင်အာရုံကို လက်ခုံဖြင့်
နှစ်ချက် သုံးချက်လောက် ပွတ်ဆွဲပြီးချိန်အပေါ်ပိုင်းအဝတ်မရှိသော သကောင့်သား
Kim Jongin က ကျနော့်ကိုယ်ပေါ်တွင်
အခန့်သား တက်ဖိထားလေရဲ့ကျနော့်ထက် အရပ်ရှည်ရုံတင်မက အလေးချိန်ပါ
ပိုသော သူ့ကိုယ်တစ်ပိုင်းက ပက်လက်အိပ်လေ့
ရှိသော အကျင့်ကို အခွင့်ကောင်းယူကာ
ရင်ဘက်အား ခေါင်းအုံးပြီး မှောက်ခုံကြီး
သေနေသည်မှာ ဘယ်အချိန်ထဲကမှန်းမသိညတုန်းက ပိတ်ဖို့မေ့နေခဲ့သော ပြတင်းပေါက်
ကိုဖြတ်တိုက်လာသော လေအေးတစ်ချက်သည်
ရင်ဘက်ပေါ်ကလဒ၏ ဖွာလန်နေသော
အညိုရောင်ဆံပင်အချို့ကို ကျနော့် မျက်နှာပြင်
အား ကလူစေသည်" ညထဲက အခန်းပြန်အိပ်လို့ ပြောထားရဲ့နဲ့ ~~
ဒါနဲ့ ငါကရော ဘယ်အချိန်ထဲက အိပ်ပျော်သွား
တာတုန်း "မနေ့ညက ပျင်းရိစရာကောင်းသည့်
Talk Show တစ်ခုကို မကြည့်စဖူး
အကြည့်ထူးလိုက်သဖြင့် သူ့ဘေးတွင်
အိပ်ပျော်သွားသော Jongin ကို
မနိုးဖြစ်ဘဲ သူပါ အိပ်ပျော်သွားသည်ဟု
မပိတ်ရသေးသော TV ဖန်သားက
သက်သေခံလေသည်" လခွမ်းတွေပါလား ~~ "
စိတ်ညစ်ညစ်နဲ့ ရှုပ်ပွနေသော ခေါင်းအား
တစ်ဗျင်းဗျင်းကုတ်ရင်း ကုတင်ဘေးက
ခုံပေါ်တွင်ရှိသော နာရီအား တစ်ချက်
လှမ်းကြည့်မိသည်
CITEȘTI
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်