" ချစ်တယ် "
" ဒေါက် !! "
" အား !!! ဘာလို့ခေါက်တာလဲ ?? "
အမြင်ကပ်ကပ်နှင့် ခေါက်ထည့်လိုက်သော
ကျနော့်လက်ဆစ်ကြောင့် နာသွားသော
သူ့ခေါင်းသူပွတ်ရင်း ဆူပုတ်သွားသော
မျက်နှာဖြင့် ကျနော့်အား အော်လေသည်" မင်းရဲ့ $ ပေါက်လေးကို ပိတ်ထားစမ်းပါ
လား Kim Jongin "" ကိုယ့်ချစ်သူကို ချစ်တယ်လို့ပြောတာ
ဘာမှားလို့လဲ ?? "" Ya ~~ အသံလေးလျှော့ဦး ~~ အခြားသူ
ကြားသွားလိမ့်မယ် လဒရဲ့ "နားအေးပါးအေး ဖြစ်မလားလို့ ကျောင်း
စာကြည့်တိုက်လေး လာပြီး နည်းနည်းလောက်
နှပ်ရမလားမှတ်တယ် ~~Kim Jongin ~~ အဲ့လဒက အနားလာပြီး
အီစီကလီတွေလာလုပ်နေတာ ~~" ငါက သိစေချင်နေတာ ~~ သိတော့ဘာဖြစ်လဲ
မင်းကို စိတ်မချဖြစ်နေတဲ့ စိုးရိမ်စိတ်တောင်
လျှော့သွားသေးတယ် "" ဒေါက် "
" Ya Kim Jongdae ~~ နာတယ်
လဒရ "" သေပေါ့ "
တိတ်ဆိတ်နေသော စာကြည့်တိုက်၏
ချောင်ကျကျနေရာတွင် သတ်နေကြပါသော
ကျနော်တို့နှစ်ယောက်အဖြစ်သည် ရိုမန့်တစ်
ဆန်ချင်တာတောင် ဆန်နိုင်မည်မဟုတ် ~~" Jongdae "
" ဘာတုန်း "
" ဟာ ~~ နည်းနည်းပါးပါး ငြင်ငြင်သာသာလေး
ထူးစမ်းပါလား !! "စာအုပ်စင်ကိုမှီကာ မျက်နှာပေါ် ကာတွန်းစာအုပ်
တင်ရင်း မှေးရန်ပြင်နေသော ကျနော့်ကို
အတင်းကြီး ဆွဲထူကာ အနှောင့်အယှက်
ပေးနေသဖြင့် ထို , အမောင် , Kim Jongin
အား လက်ထဲက စာအုပ်နှင့်
ကောက်ပေါက်လိုက်သော်လည်း သူ့အား
အဖတ်လုပ်သည်ဟု တစ်ထစ်ချတွေးပြီး
ကျေနပ်နေပုံရသော ထိုသကောင့်သားအား
လွန်စွာမုန်းလှသည်

أنت تقرأ
|| Sweet Lies ||
أدب الهواةနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်