" ငါအရမ်းပျော်နေတာ သိရဲ့လား "
မထိတထိ လာလာကလိနေသော
လည်ပင်းတစ်လျှောက်က သူ့နှုတ်ခမ်း
နှစ်လွှာကြောင့် အသည်းအသန် လိုက်ဖမ်း
နေရသော အသိစိတ်က တစ်လွှင့်လွှင့် ~~
" မင်း စိတ်မပျက်သွားလောက်ပါဘူးနော် "
" အ ~~~~ "
မိန်းကလေးတစ်ယောက်မဟုတ်သော
ကျနော်က သူ့အတွက် စွဲမက်စရာမရှိ
ဟူသော အတွေးအချို့က ဒွိဟဖြစ်နေ
သည်
လည်ပင်းညှပ်ရိုးကို အားနဲ့ကိုက်ချလိုက်ပုံအရ
သူ ကျနော့်အား စိတ်ဆိုးသွားပုံပင် ~~
" ငါမင်းကိုချစ်တာ Kim Jongdae
ဖြစ်နေလို့ဆိုတာ မင်းသိရင်ကောင်းမယ် "
ကျနော်ကိုယ်တိုင် ကြယ်သီးဖြုတ်ပေးသော
ညအိပ်အင်္ကျီကို ဖြည်းဖြည်းချင်းလျှောချကာ
မျက်စိအစာကျွေးနေသော ထိုသကောင့်
သားအား ရိုက်သတ်ချင်လာသည်
" ဖယ်တော့ကွာ ~~ မင်းအဲ့လိုကြည့်နေ
တော့ ငါအနေခက်လာပြီ "
" မင်းသိလား Jongdae ~~
တစ်နေ့တစ်နေ့ ရေချိုးခန်းထဲက ထွက်လာတဲ့
မင်းကို သတိလက်လွှတ် သိမ်းပိုက်ချင်လွန်း
လို့ ရူးမတက်ဖြစ်နေတာကိုလေ ~~
နှာဘူးအတွေးချည်းဘဲ တွေးနေတယ်လို့
တော့ မထင်နဲ့ဦး ~~ မင်းကို ~~
ငါ့အပိုင်အဖြစ် အသိအမှတ်ပြုချင်တာလေး
တစ်ခုဘဲ ~~ "
" မင်း တရုတ်ကို သွားရမယ် Jongin "
အဖန်ဖန်အထပ်ထပ် စဉ်းစားပြီးမှ ဆုံးဖြတ်ချက်
ချခဲ့သော ကိစ္စဖြစ်သောကြောင့် နောင်တဟူသည်
ကိုတော့ မခံစားချင် ~~
" ဘာပြောလိုက်တာလဲ Jongdae !!!! "
အထိပ်ထိပ်အလန့်လန့် ကျနော့်ကို အုပ်မိုး
ထားရမှ ဖယ်ခွာသွားသော သူ့ကို
ကြည့်ပြီး ကိုယ်တိုင်လည်း ရင်ကွဲမတက် ~~
" ဟိုမှာ မင်းခြေထောက်ပြန်ကောင်းအောင်
လေ့ကျင်ပေးမဲ့ ဆရာဝန်ရှိတယ် ~~
ပြန်ကောင်းလာရင်လည်း Dance အပိုင်း
ကို သင်ပေးမဲ့ Dance Trainer နဲ့လည်း
ငါဆက်သွယ်ပြီးပြီ ~~ မင်းစိတ်ဆန္ဒရှိရင်
ရွေးချယ်ဖို့ အေဂျင်စီနဲ့ရော ချိတ်ထားပြီးသား ~~
အဲ့ဒါကြောင့် ~~~~ "
ESTÁS LEYENDO
|| Sweet Lies ||
Fanfictionနာကျင်ရတဲ့ အမှန်တရားတွေထက် မလှပတဲ့ မုသားတွေက ပိုချိုမြိန်တယ် Jongin ~~ Kim Jongin × Kim Jongdae 2 Jong မှတ်ချက် _ OTP အစွဲရှိလျှင် မဖတ်ပါနှင့်
