၁။
အဝေးကြီးကို ပြေးပြီးမှ အဝေးကြီးကနေ ပြန်ငေးကြည့်နေရတယ် ။ အဲ့ဒါ ငါ့မေတ္တာပဲ ။၂။
မင်းမှမင်း ဆိုပြီး ဖြစ်နေတဲ့ ခံစားချက်မျိုးကို မလိုချင်ဘူး ။ ငါ့နေထိုင်မှုမှာ မင်းက ရာနှုန်းပြည့်အရေးပါတယ်ဆိုတာမျိုး လက်မခံချင်ဘူး ။ ဒါပေမဲ့ မင်းမရှိလို့လည်း မဖြစ်ပြန်ဘူး ။၃။
ချစ်ခြင်းမေတ္တာဆို ကိုယ်က ပေးလိုက်သမျှကျ လူရာဝင်စေချင်ပြီး ကိုယ့်ဆီလာပေးသမျှကျ စောက်ပိုတွေဆိုပြီး မျက်နှာလွှဲပစ်ခဲ့ချင်တာ ။ ဘယ်လိုလဲ ။ ငါ့စိတ္တဇက နက်ရဲ့လား ။၎။
ငါက အတ္တကြီးတယ် ။ ငါမဟုတ်ရင် ဘယ်တစ်စုံတစ်ယောက်စိတ်နဲ့မှ မရှင်သန်ချင်ဘူး ။ ငါ့မာနနဲ့ငါပဲ ။ အထီးကျန်ရတာ ကြိုက်တယ် ။၅။
ပတ်ဝန်းကျင် ၊ အပေါင်းအသင်း ၊ social network ဘာတစ်ခုမှ အာရုံမလာဘူး ။ သွေးထဲ တခြားအရည်တစ်မျိုးမျိုး ရောပြီးနေချင်တယ် ။ငါမတောင်းတဲ့ဆုတွေကျမှ ရွေးပြီးပြည့်တဲ့ ကံတရားက ဘာသဘောလဲ ။ငါမလိုချင်ဘဲ ရရှိခဲ့တာတွေအတွက် ဘယ်သူ့ကိုသွားပြီး ကျေးဇူးတင်ပေးရအုံးမှာလဲ ။ ဆောရီးပဲ ။ အားနာတတ်တဲ့စောက်ကျင့်နဲ့ ငါက နေသားမကျဘူး ။၆။
အနေခက် အသေခက် ဒီအကျဉ်းအကျပ်ထဲ ဘဝက ခုထိ base zero ပဲ ။၇။
ပိုးသာကုန် မောင်ပုံစောင်းမတတ်ဆိုတဲ့ နှစ်ကာလတွေမှာ နေထိုင်ခဲ့တယ် ။ ရောက်ချင်တဲ့ခရီးနဲ့ သွားနေတဲ့လမ်းဟာ ဝင်ရိုးစွန်းနှစ်ဖက်လို ဝေးလွန်း ။ ချော်နေမှန်းသိရဲ့နဲ့လည်း ဒီအလွဲတွေကြား ဆက်နစ်နေရ ။ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့အခါကျ ဘယ်အရာနဲ့ ပြန်ရှာလို့ရမလဲ ။ ငါ့ဆီမှာမရှိတော့တဲ့ ယုံကြည်မှုကို ရအောင် ဘယ်လိုပြန်ယူရမှာလဲ ။ အသုံးမကျတဲ့နေရာမှာတော့ ငါက ထူးချွန်ပါတယ် ။ အနှစ်နှစ်ဆယ်အတွင်း ရခဲ့တဲ့အကြီးမားဆုံးအောင်မြင်မှုတွေဆိုတာ မအောင်မြင်မှုတွေပါပဲ ။ ငါမပျော်ဘူး ။ဝမ်းနည်းတယ် ။ ဝမ်းနည်းခြင်းမြစ်တွေဟာ ငါ့ဆီ ပေါင်းဆုံစီးဝင်နေတယ်လို့ ခံစားရတယ် ။ ဘာကိုဝမ်းနည်းမှန်းလည်း မသိဘူး ။ ငါ့ဖြစ်တည်ခဲ့မှုကိုလား ။ ငါ့ရှင်သန်နေရမှုကိုလား။ အသေလေးမွေးခဲ့ရင် ကောင်းမှာပဲလို့ တွေးပြီးတော့ လက်တွေ့ကျ မသေရဲသူ ။ တစ်ခုခုကိုစတင်ဖို့ တွေးကြည့်တော့လည်း အမှောင်တွေချည်း မြင်ရတယ် ။ ဟာသပဲ ။ ရယ်လည်း မရယ်ရဘူး ။၈။
တခြားသူတွေအတွက် အရည်မရ အဖက်မရဆိုလည်း ငါ့စိတ်နဲ့ထိစပ်ရင် ငါလုပ်မှာပဲ ။ ရှင်းလား ။၉။
ပျော်ရွှင်မှုကို ငြီးငွေ့လာတယ် ။ မပျော်ရတဲ့အချိန်တွေကိုမှ စွဲလမ်းလာတယ် ။ ပြဿနာပါ ။ ဝဋ်နာကံနာလို့လည်း ပြောရင်ရပါတယ် ။ ဒဏ်ရာတွေချည်းရွေးပြီး စုဗူးထဲမှာသိမ်းချင်နေတာ ဆိုက်ကိုပဲ ။ မျက်ရည်ပါတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေမှ ဓာတ်ကျတယ် ။ဆွဲထားတဲ့လက်ကို ဖြုတ်ပြေးမယ် ။ ပြီးရင် " ကလေးရယ် ကိုယ့်ကို ခွင့်လွှတ်ပါ "ဆိုပြီးအော်ငိုမယ် ။ စောက်ရူးဟာ ဒုက္ခကြီးရှာပါတယ် ။ပိုပိုဖီးနစ်ပိုပိုပို
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ