" ပျော်ရွှင်ခြင်းတွေ ထည့်ထားတဲ့စာ -၂ "
ကိုယ်ရည်ညွှန်းရာ ဒီနေရပ်ဟာ
အရင်နံပါတ် လိပ်စာ
အတိအကျပါပဲ ။ယုံကြည်မှုတွေရှိရင် ဒီကမ္ဘာမှာ
အတောင်ပံတွေ တပ်ထားတဲ့ ရှင်သန်နိုးထခြင်းတွေ
ရောက်ရှိလာဦးမှာ ။"မခွဲနိုင်ပါဘူး ကိုယ်လေ မင်းကို မခွဲနိုင်ပါဘူး "လို့
ရှိုက် ရှိုက် ငိုရင်း
အေး အေး စက် စက် ညတွေမှာပဲ
ကိုယ်တို့ ဝေး ဝေး သွားရတယ်။
အေးစက်ခြင်းတွေ နှင်းဘောလုံးထဲက ထွက်လာတယ်။
အသံတိတ်ညနေတွေက ထွက်လာတယ်။ဘယ်တော့မှ ဝင်ရောက်မလာတော့မယ့်သူတစ်ယောက်ကို
စက္ကူပေါ်နာမည်ရေးပြီး ထောင်ပြနေသော ကြိုဆိုခြင်းတွေ။အချစ်သီချင်းတွေကို မောပန်းတကြီး ကျော်ပစ်နေရတယ် ဆိုတဲ့အကြောင်း ။
သူရက်စက်သလို ကိုယ်သိပ်ချစ်တယ်ဆိုတဲ့အကြောင်းလူတစ်ယောက်က လူတစ်ယောက်ကို ချစ်ဖို့
အကြောင်းပြချက်တွေ မလိုပါဘူး။
သူ့ကိုမှ လက်နက်ချချင်ရတဲ့ ကိုယ့် ချစ်မက်စရာမိုက်မဲမှုလေးတွေ။ကိုယ် မရှိလို့ ဖြစ်ပါ့မလား လို့
သူ့အနားက တခြားလူတွေကို မယုံကြည်စိတ်တွေနဲ့ ။
ကိုယ့်တည်ရှိခြင်းဟာ ပြောရခက်နေ။ပို့ခဲ့ပြီးပါပြီ ။ လက်ခံရယူဖို့ နှစ်လိုကြိုဆိုဖို့က
ကိုယ့်ဘက်က ဆုတောင်းနေရုံပဲ တတ်နိုင်တယ် မဟုတ်လား ။
တစ်နေ့နေ့တော့ ရောက်ရှိပါစေ ။#ခွန်းညိုသွေး
Old post
YOU ARE READING
နှစ်သက်မိလေသော
Poesíaနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ