မျှော်လင့်ချက်တွေနဲ့ ကိုယ်ချစ်ခဲ့တာပါ
အကန့်အသတ်ရှိတဲ့မျှော်လင့်ချက်တွေပေါ့..ကိုယ့်မျှော်လင့်ချက်တွေထဲမှာ မင်းနဲ့ကိုယ်
တသက်လုံးပေါင်းဖက်သွားရမှာမျိုး မပါဘူးကိုယ့်အိပ်မက်တွေထဲမှာ မင်းဟာ
ကိုယ့်အတွက်ဖြစ်လာရမယ်ဆိုတာမျိုးမပါဘူးကိုယ်မျှော်လင့်မိသမျှထဲမှာ ကိုယ်နဲ့မင်း
နှစ်ယောက်တည်းဆိုတဲ့ စကားလုံးတွေမပါဘူး..တကယ်တော့ ကိုယ့်မျှော်လင့်ချက်တွေထဲမှာ
ကိုယ်မျှော်ကြည့်လိုက်တိုင်း
မင်းဟာ ကိုယ့်လို တစ်ယောက်တည်းအမြဲရှိနေဖို့ဆိုတာမျိုးပါတယ်..ကိုယ့်ကိုအတ္တကြီးလွန်းတယ်ပြောပါ
တကယ်တမ်း ဘယ်လိုမှသက်ဆိုင်ဖို့မဖြစ်နိုင်တဲ့ ဘ၀နှစ်ခုမှာ
ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲ တသက်လုံးချစ်သွားရမယ့်သူမို့
ကိုယ့်ကို ဒီလောက်လေးတော့မျှော်လင့်ခွင့်ပေးပါတစ်ယောက်ယောက်ကို မင်းချစ်မသွားဖို့
ကိုယ်မျှော်လင့်ပါရစေ
တသက်လုံး တယောက်တည်းပဲနေသွားရမှာလားလို့
ကိုယ့်ကိုမေးတဲ့အခါ အင်းလို့ ကိုယ်ဖြေမယ်
နေသင့်တယ်..
မင်းနေရမယ်
ထောင်သောင်းမကတဲ့ လူတွေက
ဘ၀လောက်နီးနီး မင်းကိုချစ်နေတဲ့အချိန်မှာ
မင်းက တစ်စုံတစ်ယောက်ကိုချစ်ဖို့လိုအပ်နေတယ်လို့
ကိုယ့်ကိုမပြောပါနဲ့
ဘယ်သူ့ကိုမှမချစ်ပါနဲ့
ကိုယ်ကမင်းကို ကိုယ်ချင်းမစာနိုင်ဘူး
မင်းက ကိုယ့်ကို ပြန်ငဲ့ပါ
ဒါမျိုးကို ကိုယ်မျှော်လင့်တာ..
ချစ်ပေးရုံကလွဲ ဘာမှမတတ်နိုင်တဲ့ လူတွေကို
ကျေးဇူးပြုပြီး မင်းက ကိုယ်ချင်းစာပါ..နောက်ဆုံး ဘယ်သူ့ကိုမှမငဲ့နိုင်တော့တဲ့အထိ
မင်း လူတစ်ယောက်ကို ချစ်ဖို့လိုအပ်လာရင်တော့
ကိုယ့်ကိုတသက်လုံးစာအသိမပေးဖို့မျှော်လင့်တာပဲကိုယ့်ကိုလိမ်ပါ
မင်းဟာ တသက်လုံးဒီအတိုင်းပဲရှိနေမှာပါလို့
ကိုယ်လုံးဝယုံကြည်တဲ့အထိ
ကိုယ့်ကိုညာပါ..
ကိုယ်ကသေတဲ့အထိ မင်းကိုယုံမယ်..မင်းမသိတဲ့ တချို့ဘ၀တွေထဲမှာ မင်းဟာအရာရာပါ..
မင်းဟာဘ၀တစ်ခုလုံးဖြစ်နေခဲ့သလို
မနက်ဖြန်ဆိုတဲ့အရာဟာလည်း မင်းကြောင့်ဖြစ်တည်လာတာ..ကိုယ့်မျှော်လင့်ချက်တွေထဲမှာ
Happy endingတွေမပါဘူး..
မလိုအပ်ဘူး..အဆုံးအထိ အတူတူမရှိချင်တော့တဲ့အခါ
တယောက်သောသူကလွဲ ဘယ်သူ့ကိုမှ
မလိုအပ်တော့တာ သေချာတဲ့အခါ
ကျေးဇူးပြုပြီး သနားသောအားဖြင့်..ကိုယ့်ကိုညာပါ.. ။
Cr. Lin
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ