45

5 1 0
                                    

ဘဝ မှာ ကိုယ့်အတွက်
အဆိပ်အတောက်ဖြစ်စေမဲ့
အရာတွေ ကို ငါတို့ဖြတ်ချ နိုင်ရမယ် …

အမြင့်ဆုံးကိုပျံသန်းဖို့
မလိုတဲ့ ဝန်တွေကို ပစ်ချထားနိုင်ရမယ်…

ဒီအတွက် ငါတို့ ပြတ်သားဖို့လိုတယ်
ကိုယ်နဲ့ မသင့်လျော်မှန်း
မတူညီ မှန်းသိလျက်နဲ့
မတော်တဲ့ဖိနပ် တစ်ရံကို
အတင်းထိုးစီးပြီး သွားနေတာဟာ
ကြာရင်ခြေထောက် နာနိုင်သလို
ခရီးလည်းတွင်မှာ မဟုတ်ဘူး ။

မျှော်လင့်ချက်ဆိုတာ
ဖြစ်နိုင်တဲ့အရာတွေပေါ်မှာပဲ
စိုက်ပျိုးလို့ ကောင်းတာ…
မဖြစ်နိုင်တဲ့အရာတွေပေါ်မှာ
စိုက်ပျိုးမိရင် အချိန်ကုန်တာပဲ
အဖတ်တင်လိမ့်မယ် …

ပြတ်သားဖို့… ဆိုရင်
နည်းနည်းတော့နာကျင်ရမှာပေါ့
သို့မဟုတ်လည်း အတော်လေး
နာကျင်ရမှာပေါ့ …
ဒါပေမဲ့ ခဏခဏ နာကျင်နေရတာထက်
အချိန်တစ်ခုအထိပဲ နာကျင်ဖို့
ကြိုးစားလိုက်ရတာက ပိုမကောင်းဘူးလား …

ငါတို့ စိုက်ပျိုးတဲ့မျှော်လင့်ချက်တွေဟာ
အဆိပ်အတောက်တွေ မဖြစ်နေဖို့လိုတယ်…

LuAh(AungKhinSitt)

နှစ်သက်မိလေသောWhere stories live. Discover now