ခင်ဗျားက တစ်ချက်တစ်ချက် နာနာလာတတ်တဲ့
ဒဏ်ရာလေးပါပဲ
ခင်ဗျားဆီက ပြန်လာတဲ့ ဥပေက္ခာတွေက
ကျွန်တော် ပြန်ပြန်ခွာနေတတ်တဲ့ အသားမာလေးပါကျက်ခါနီး အဆင်ပြေလုနီးနီး ဖြစ်အောင်
ခပ်မာမာဖြစ်အောင် သူတို့ ကြိုးစားနေချိန်
အမှတ်မရှိတဲ့ ကျွန်တော်ကပဲ
ဒဏ်ရာကို ပြန်ပြန်ဆွပါတယ်။နာနေတယ်လို့ ငိုတတ်တာလည်း ကျွန်တော်ပါပဲ
မနာနာအောင် လုပ်နေတာလည်း ကျွန်တော်ပါပဲ
ခင်ဗျားဘာမှမလုပ်ပဲ ပျက်တဲ့ဘဝလေးတစ်ခုပါပဲခင်ဗျားက ဒီဘဝတော့ တစ်သက်လုံး
မပျောက်လောက်တော့တဲ့
ကျွန်တော့်ရဲ့ကိုယ်ပိုင်အနာပါ ။နောက်ဘဝဆိုတာရှိရင်
ကျွန်တော့်ကို ခင်ဗျားချစ်ပါ
ကျွန်တော့်လို နာကျင်လိုက်ပါခင်ဗျားလို လက်ပိုက်ကြည့်နိုင်တဲ့နှလုံးသား
ကျွန်တော်ပါလာပါစေ
ကျွန်တော့်လို မိုက်မိုက်မဲမဲနှလုံးသားနဲ့ ခင်ဗျားမွေးပါစေ- T H E B L U E S -
YOU ARE READING
နှစ်သက်မိလေသော
Şiirနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ