Crd: Miranda Jung
Fangirl ဖြစ်တာနဲ့ Idol ဘဝကိုပိုင်ပြီလား ၊ ခြယ်လှယ်လို့ရပြီလားဆိုတာက ...ဟုတ်ပြီ ... မပိုင်ဘူး ၊ မဆိုင်ဘူး ၊ ခြယ်လှယ်ခွင့်မရှိပါဘူး ။ ဒါပေမယ့် လောကမှာဘယ်အရာမဆို Give & Take ဆိုတာရှိတယ်လေ ။ Idol , Fan က Fan နေရာမှာပဲနေဆိုရင် ပြန်ပြီးမေးကြည့်ချင်တယ် ။ ပရိသတ်တွေရဲ့နေရာက ဘယ်နေရာများပါလိမ့်လို့ ။
အနုပညာသမားတယောက်ရဲ့ကမ္ဘာက ပရိသတ်တွေရဲ့ချစ်ခြင်းနဲ့ တည်ဆောက်ထားတာပါ ။ Idol ဖြစ်နေလို့ မချစ်ရဘူးမဟုတ်ပါဘူး ချစ်ပါ ။ သူတို့လည်းလူသားပဲလေ ချစ်ရမှာပေါ့ ။ လက်ထပ်ရမှာပေါ့ ။ ဒါနဲ့ပဲ သူ့ရဲ့အချစ်ရေး ၊ အိမ်ထောင်ရေးကပရိသတ်နဲ့မဆိုင်ဘူးဆိုတဲ့ စကားကိုတော့ သိပ်လက်မခံချင်ဘူး ။
Idol တယောက်ကိုစပြီးကြိုက်တာနဲ့ ပထမဆုံးအချိန်တွေကုန်တော့တာပါပဲ ။ ဒုတိယကတော့ပိုက်ဆံ ။ Support လုပ်ဖို့အတွက် ပိုက်ဆံလိုပါတယ် ။ ကုန်လည်းကုန်ပါတယ် ။ တတိယကတော့ စိတ်ခံစားမှုပါ ။ ဒီလူငိုရင် ဝမ်းနည်းရရင် ကိုယ်ပါအဆမတန်ကြေကွဲဝမ်းနည်းရပါတယ် ။ ထိခိုက်ရပါတယ် ။ နာကျင်ရပါတယ် ။ သူများကကိုယ့်လူကိုမကောင်းပြောတဲ့အခါ ကိုယ့်မှာဆတ်ဆတ်ထိမခံ ကာကွယ်ရ ၊ ဒေါသထွက်ရနဲ့ ။ သူပျော်နေရင် ကိုယ်ကပါလိုက်ကြည်နူးပြီးပျော်နေမိတာ ။ ကိုယ့်ထက်အဆပေါင်းများစွာ သာလွန်ပြည့်စုံနေတဲ့သူကို ကလေးတယောက်လိုပဲမြင်ပြီး သူများတွေကလေနဲ့စော်ကားတာတောင်မှ မခံနိုင်တာ ။ ဖြောင့်ဖြူးနေတဲ့သူ့အနာဂါတ်ကိုပဲ ကိုယ်ကအလကားနေစိတ်ပူပေးနေတာ ။
ဒီလိုမျိုးသာသာမန်လူတယောက်ကိုချစ်မိရင် လူ၁၀၀မှာ၉၉ယောက်က ပစ်ချခဲ့မှာပါ ။ ပျော်ရွှင်သလောက်စိတ်ပင်ပန်းရတယ်မဟုတ်လား ။ဒါပေမယ့် Idol တယောက်ကို ဒီလိုချစ်တဲ့အခါမှာတော့ တော်တော်များများက ကောင်းကင်တခုကိုကြည့်နေရသလို သဘောထားကြတာပါ ။ ပိုင်လည်းမပိုင်ဘူး ။ ဆိုင်လည်းမဆိုင်ဘူး ။ အဝေးကနေငေးမျှော်ရုံနဲ့ ဒီကောင်းကင်ရှိနေတယ်ဆိုတာ သိနိုင်ရုံ၊ခံစားနိုင်ရုံနဲ့ ပျော်ရွှင်ကြရတာ ။
နှစ်ပေါင်းများစွာ ဒီလူတယောက်အပေါ်ထားခဲ့တဲ့ ချစ်ခြင်းတရား ၊ စေတနာမေတ္တာ ၊ အချိန် ၊ ပိုက်ဆံ အားလုံးကဘာမှမမျှော်ကိုးခဲ့ဘူးဆိုရင်တောင်မှ ကိုယ်တို့ကတောင်းပန်စကားတခွန်းတော့ ထိုက်တန်မှုရှိတယ်လို့ထင်မိတယ် ။
မိုးကောင်းကင်လောက်ဝေးကွာနေရင်တောင် သူ့ကိုအမြဲငေးမျှော်နေခဲ့တဲ့သူတွေ ၊ နှလုံးသားတွေရဲ့တည်ရှိမှုကို သူတို့သိနေတာပဲမဟုတ်လား ။
ချစ်သူထားပါ ။ လက်ထပ်ပါ ။ သားသမီးတွေမွေးပါ ။ ပျော်ပျော်ရွှင်ရွှင်နေပါ ။ ကိုယ်ချစ်ရတဲ့သူကို ပျော်ရွှင်စေချင်ပါတယ် ။ တချိန်တည်းမှာပဲ ကြေမွနေတဲ့နှလုံးသားတွေကိုစာနာပါ ။ ငါနဲ့ငါ့ချစ်သူဘယ်လောက်ချစ်နေတယ်ဆိုတာအထိတော့ ပရိသတ်တွေကိုပြဖို့မလိုဘူးမဟုတ်လား ။ ဘယ်သူမှဒီလောက်အသည်းမမာနိုင်ကြပါဘူး ။
ပရိသတ်တွေမချစ်တော့လည်း ရပါတယ်လို့ပြောမယ်ဆိုရင် မုသားစကားလို့ပဲကိုယ်ကတော့တွေးမယ် ။ အချစ်တွေကြောင့်ဖြစ်တည်လာတဲ့ ခင်ဗျားတို့က ဒီအချစ်တွေမရှိရင် နေနိုင်မှာမို့လို့လားဗျာ ။ ရင်အနာခံပြီး ဆက်ချစ်ပေးကြမယ်ဆိုတာကို သိနေကြတာမဟုတ်လား ။
ကြေမွနေတဲ့နှလုံးသားတွေကိုစာနာပါ ။ ကျွန်မတို့ဟာအိုပါးတို့ဘဝထဲက ဖြတ်တိုက်သွားတဲ့လေတွေမဟုတ်ပ ခံစားတတ်တဲ့နှလုံးသားနဲ့လူတွေပါ ။ အားနာမိပါတယ်ဆိုတဲ့စကားတခွန်းနဲ့တင် ကျေနပ်ကြမယ့် ဝဋ်ကြွေးကြီးသူတွေပါ ။
ဘယ် Idol ကိုမှတိုက်ရိုက်မရည်ရွယ်ပါ ။ ခံစားချက်လေးသက်သက်ပါ ။
YOU ARE READING
နှစ်သက်မိလေသော
Poesíaနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ