ဘဝ မှာ ပိုင်ဆိုင်လိုတဲ့ စိတ်အင်အားတွေ
အရမ်းထက် သန်လာတဲ့အခါ
မလိုအပ်တဲ့ စိတ်ဒုက္ခ တွေကို
သိနားလည်လာတယ် ။ပြီးတော့ ကိုယ့် စိတ်ရဲ့ သဘောထားကို
နားလည်လာတဲ့ အခါ
ကိုယ့် နားတရွေ့ရွေ့တိုးလာတဲ့
အရာတွေကို ကိုက မြင်တတ်လာသလို
ကိုယ့်စိတ်က ဖြေးဖြေးခြင်း ကပ်သွားမိတဲ့
အရာတွေကိုလည်း ကိုယ် သတိထားမိလာတယ် ။ဒါဆို ဘာတွေက ဒုက္ခ ပေးတာလည်း
ပြန်စဉ်းစားလိုက်တဲ့ အခါ ပိုင်ဆိုင်လိုစိတ်ရဲ့
အဓိက တွန်းအားဟာ "အတ္တ" ပဲ ။အတ္တ အရမ်းကြီးလာတဲ့တာနဲ့အမျှ
စွဲလန်း တတ်တဲ့ စိတ်ကလည်း
ပိုပြီး များလာတယ်
ဒါထက် ဆုံးရှုံးရမဲ့ ရှေ့ဖြစ်လက္ခဏာတွေကို
ကြိုပြီးမှန်းဆ တတ်လာတဲ့အခါ
အဲ့ဒီ ကိုယ်တပ်မက် နေတဲ့ အရာတွေနားက
အသေးအဖွဲ လေးက အစ
သေသေချာချာ သတိထားမိတတ်လာတယ် ။နောက်ဆက်တွဲ ဆိုးကျိုးတက်ရောက်မှုဟာ
သံသယ စိတ်တွေကို ပိုတိုးလာတယ်
မေးခွန်းတွေ ပိုပြီးမေးလိုက်ချင်တဲ့
စိတ်တွေ နဲ့ လက်တွေ့မှာ မမေးဖြစ်ပဲ
တစ်ဖက်သားစိတ်ဒုက္ခ ဖြစ်မှာကို
မလိုလားတဲ့ အခါ ရင်ထဲ မျိုသိပ်ပစ်လိုက်ရတာပဲ …နောက်ဆုံးတော့
ကျွန်တော်တို့ရဲ့ စိတ်ဟာ
အကြောင်းတစ်ခု ထဲကိုပဲတွေးရင်းတွေးရင်
စိတ်ဒုက္ခ တွေ စိတ်ဖိစီး မှုတွေ
စိတ်သောက တွေ နဲ့ချည်းပြည့်နေတော့တာပဲ ။ဒါဆို ပိုင်ဆိုင်လိုတဲ့ စိတ်ကြောင့်
မလိုလားအပ်တဲ့ စိတ်ဝေဒနာ တွေကို
မရှာမိအောင် နေထိုင်ဖို့အတွက်
အကြောင်းအရာတစ်ခုကို
အရမ်းကြီးအလွန်အကျွံ
လုပ်ယူမတွေးတော မိဖို့လိုပါတယ် …ရိုးရိုးလေးတွေးပြီး
ငြိမ်းချမ်း အောင်နေထိုင်တတ်ဖို့က
ကျွန်တော်တို့ အတွက် ပိုသင့်လျော်ပါတယ်
မိတ်ဆွေ …LuAh(AungKhinSitt)
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ