9

19 1 0
                                    

မင်းမရှိလို့ ကိုယ့်မှာမဖြစ်တဲ့အကြောင်းတွေ
အဆင်မပြေမှုတွေကိုစာတွေအနေနဲ့ချရေးဖြစ်တယ် Chor!!

နံဘေးကလူတွေကတော့
"နင့်ကြည့်ရတာအဆင်ပြေနေပုံပါပဲ"တဲ့။
ပြိုကျပျက်စီးပြလိုက်မှ
နာကျင်မှုစစ်တယ်လို့မြင်တဲ့လူတွေကများတယ် Chor!!

ဟိုးအဝေးကြီးကနေ မင်းအပျော်တွေကိုငေးကြည့်ရတာ ကိုယ်ပျော်ပါတယ်။
မင်းပျော်ရင် ကိုယ်ပျော်သလိုပါပဲလို့ကြွေးကြော်ရင်း
မင်းအပြုံးတွေကို ကိုယ့်အဆင်မပြေမှုတွေကြားကအမြဲငေးနေခဲ့တာပါ။
မင်းပြုံးလိုက်တိုင်း ကိုယ့်ဘဝအမောတွေပြေသွားသလိုပါပဲ။

ကိုယ်ကတော့ မင်းမရှိတဲ့အရပ်မှာကောင်းကောင်းမွန်မွန်နဲ့ရှင်သန်ရင်း မင်းနာမည်နဲ့နာကျင်မှုတွေကို ဒီဘဝကုန်မဲ့အချိန်အထိသယ်ဆောင်သွားပစ်လိုက်ဦးမယ်။
အချိန်တွေအကြာကြီးသယ်ဆောင်သွားပစ်လိုက်ဦးမယ် Chorရေ.....

နှစ်သက်မိလေသောWhere stories live. Discover now