29

7 0 0
                                    

(၁)
အရာအားလုံးအတွက် မနာကျင်နဲ့ ငယ်
ကိုယ်က ငယ့်လက်တွေကို
ဆုပ်ကိုင်မှာမဟုတ်ဘူး ။

(၂)
မဖြစ်နိုင်တဲ့အရာတွေအတွက် မငိုကြွေးနဲ့ ငယ်
ဖြစ်တည်မှုအစကတည်းက လွဲနေတဲ့လမ်းတွေအတွက်
ဆုံမှတ်တွေမရှိဘူး ။

(၃)
အရူးလို ကိုယ့်ဆီစာတွေမပို့နဲ့ ငယ်
ကိုယ်ဖတ်မှာမဟုတ်သလို
အရေးတယူရှိမှာလည်းမဟုတ်ဘူး ။

(၄)
တစ်သက်လုံးစာအတွက်တဲ့လား ငယ်
အကြောင်းအကျိုးစီလျော်နေတဲ့ တည်ရှိမှုတွေမှာ
ငယ်ဘယ်အချိန်ထိ ကပ်တွယ်နိုင်မှာလဲ ။

(၅)
တိမ်တွေမငေးနဲ့ ငယ်
ကြယ်တွေလည်းမရေနဲ့
အစွဲအလမ်းတွေက တော်ရုံပဲကောင်းတယ် ။

(၆)
မရူးစမ်းနဲ့ငယ်
ကိုယ့်ဘဝမှာ ငယ့်ကိုလိုအပ်မယ်လို့
ထင်နေတုန်းပဲလား ။

(၇)
အမြင့်ကိုပျံနိုင်ဖို့ လေးလံတဲ့အရာတွေကို
လွှတ်ချရတယ် ငယ်ရဲ့
ကိုယ့်ကိုလွှတ်ချလိုက်ပါ ငယ် ။

(၈)
ရယ်မောသံတွေတိုင်းမှာလည်း
ပင့်သက်ရှိုက်မှုတွေရှိတတ်တယ် ငယ်
ကိုယ်ရယ်နေတယ်လို့ ငယ်ထင်နေသလား ။

(၉)
ဒေစီပန်းကလေးတွေလိုမျိုး
ငယ်ဘယ်တော့မှ ကိုယ့်ကိုမပြောပြခဲ့ရင်ကောင်းမယ်
တစ်ခါတစ်ရံ
တိတ်ဆိတ်ခြင်းတွေမှာ ပြိုလဲရတာပိုညင်သာပါတယ် ။

(၁ဝ)
ကိုယ်အရင်ကပြောခဲ့ဖူးမယ်ထင်တယ်
ကိုယ့်ရဲ့အရာအားလုံးကို ငယ်မပိုင်ဘူး
ဆိုင်လည်းမဆိုင်ဘူး
ဒါကြောင့် ဒီလမ်းတွေကိုကနေ တစ်သက်လုံးစာ
ပြေးထွက်လို့မရဘူးလား ငယ် ။

-chawlik-
Captionlesss

နှစ်သက်မိလေသောWhere stories live. Discover now