ခင်ဗျားနဲ့ကျွန်တော်က ဘယ်တော့မှ ဆုံမှာမဟုတ်တဲ့ ရေစက်တွေပဲ။
ခင်ဗျားဟာ ပြန်မလာတော့ခြင်းတွေဆိုရင်
ကျွန်တော်က လိုက်မလာနိုင်ခြင်းတွေပဲ။
ကျွန်တော်တို့ အနီးဆုံးကနေ ဝေးသွားကြတာ မဆန်းပါဘူး။စိတ်ထဲရှိတဲ့အတိုင်းသာဆိုရင်
ကျွန်တော့်ကိုယ်ကျွန်တော် တိမ်ပြိုတွေအဖြစ် ဖန်တီးပြီး
ခင်ဗျားရှိတဲ့အရပ်ကို လွင့်ထွက်ပစ်လိုက်ချင်တာပါပဲ။
အစီစဉ်တကျ မဆိုက်ရောက်နိုင်ရင်တောင်
ဖရိုဖရဲနဲ့ပဲဖြစ်ဖြစ်
ခင်ဗျားရဲ့အမြင်အာရုံထဲမှာ ခဏတော့ နားချင်သေးတာ......သိမ်ဖျင်းသေးနှပ်ခြင်းတစ်ခုပါ Chor!!
ကျွန်တော်ဟာ ခင်ဗျားမျက်နှာလွှဲလိုက်တဲ့
ပြိုအံ့ဆဲဆဲဂြိုလ်သိမ် ဂြိုလ်မွှားတစ်ခုပါ။
အမည်နာမတိတိပပမရှိတဲ့
ခင်ဗျားအတွက် ဖြစ်တည်လာတဲ့ ကမ္ဘာလေးတစ်ခုပေါ့။
ဥပေက္ခာတစ်ပါးတည်းနဲ့
ဒီကမ္ဘာငယ် ပြိုစေ ပျက်စေသတည်းပေါ့ကွာ.....
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ