32

11 1 0
                                    

Fangirl 🌸💕

လှတယ်မလား ? Fangirl ဆိုတဲ့ အခေါ်အဝေါ်လေး
က သိပ်လှတယ် !
ဒါပေမဲ့ Fangirl တစ်ယောက်အဖြစ် မွေးဖွားခြင်းက
တစ်ခါတစ်ရံ လှပချင်မှ လှပတာ....။

Fangirl တစ်ယောက်ဖြစ်လာရင် အားလုံးကို ခံနိုင်ရည်
ရှိနိုင်မှ ဖြစ်လာသမျှအပေါ် မခံစားနိုင်မှ ရမှာ...။

Fangirl ဖြစ်ရတာ သိပ်ပျော်တယ်ဆိုရင် သာမန် Fangirl
တစ်ယောက်ဖြစ်နေရတာက သိပ်နာကျင်တယ်မလား?

Fangirl တစ်ယောက်ဖြစ်လာဖို့ လွယ်လွယ်လေးလို့
အားလုံးကထင်ကြတယ်....။
နာကျင်တာတွေ ငိုရတာတွေ နှလုံးသားတွေကြေမွနေ
တာတွေ မသိကြ မမြင်ကြဘဲလေ....။

နောက်ဆုံး ဒါတွေက ဘယ်သူ့အပြစ်လဲဆိုရင် မင်းကိုယ်
တိုင်ပါပဲ !
အစတည်းက မချစ်သင့်တဲ့လူကို ချစ်ခဲ့မိတာကိုက အပြစ် !
အဝေးကြီးမှာ ရှိနေမှန်းသိလျက် ချစ်ခဲ့မိတာကိုက အပြစ် !
သူက မင်း တည်ရှိနေတာကိုတောင် မသိဘူး ဒါတောင်
ကျေနပ်နေမိတာကိုက မင်း အပြစ် !
အရာအားလုံးဟာ မင်းအပြစ်တွေချည်းပါပဲ !

သူတို့ပြုံးလို့ ပြုံးမိတယ် သူတို့ငိုလို့ငိုမိတယ် ဒါဟာ တစ်
ခါတစ်ရံ အရူးထခြင်း အဖြစ် မင်းကို ပြောဆိုကြမယ်....။

"သူတို့သိတာလည်းမဟုတ်ဘဲ" ဆိုတဲ့ စကားရဲ့နောက်
ကွယ်မှာ မင်း မျှော်လင့်ချက်တွေပျောက်ဆုံးသွားတာ
ဘယ်သူမှ မသိဘူး....။

မင်းဟာ ဟန်ဆောင်ရတာကိုလည်း သိပ်ပျော်မွေ့တယ်....။
သူတို့ဟာ မင်းမကြိုက်တာကို လုပ်နေလည်း မင်းဟာ
ပျော်ပျော်ကြီးလက်ခံပေးနေတယ်...။
မင်းဟာ သူတို့ကိုလွတ်လပ်ခွင့်ပေးပြီး မင်းနာကျင်နေရ
လည်း ပျော်ပျော်နေတတ်တယ်....။
မင်းဟာ သူတို့ပျော်နေတာကိုကြည့်ရုံလေးနဲ့ ရောင့်ရဲ
နေတတ်တယ်....။
အနီးကပ်တွေ့ပြီး ချစ်တယ် လို့ မင်း မပြောရပေမယ့်
သူများတွေပြောနေတာကိုပဲ ကျေနပ်နေတတ်တယ်...။

တစ်ခါတစ်လေကျ မင်းဟာသနားစရာကောင်းတယ်....။
ဒါပေမဲ့ မင်းဟာ မင်းကမ္ဘာမှာ ကိုယ့်ဘာကိုယ် ပျော်အောင်
နေနေတဲ့ ကောင်မလေး...။
Fangirl Life လေးကို ကိုယ့်ဘာကိုယ် ပျော်အောင် တီထွင်နေတဲ့
ကောင်မလေး....။

နှစ်သက်မိလေသောWhere stories live. Discover now