အဆင်မပြေပေမဲ့
ခေါင်းငြိမ့်ပြီး ပြုံးပြလိုက်ရတာဟာ
ပုံစံကျနေခဲ့ပြီ…ရင်ထဲက အမာရွတ်တွေကို
ဘယ်သူမှ မမြင်နိုင်ခဲ့…
တခါတခါ ဝမ်းနည်းစရာတွေမှန်း
သိနေရင်တောင် ကိုယ်က မှင်သေသေနဲ့
တုန့်ပြန်တတ်လာတယ် ။လူတွေကတော့
ကိုယ့်ကို ထင်ကြေးပေးကြတယ်
ကိုယ်ဟာရင့်ကျက်တယ်
စိတ်ဓာတ်မာကျောတယ်
သတ္တိ ရှိတယ် မတုန်လှုပ်ဘူးလို့
သူတို့ ထင်ကောင်းထင်နေကြလိမ့်မယ် ။သို့ပေမဲ့
အတိတ်မှာ လူမှန်းသူမှန်းမသိအောင်
နာကျင်ပြိုလဲခဲ့ရတာတွေကိုကြတော့
ဘယ်သူမှ မမြင်ကြဘူး
မသိကြဘူး မတွေ့မိကြဘူး …တချို့ ဝမ်းနည်းခြင်းဆိုင်ရာကိစ္စတွေမှာ
ကိုယ်ရင့်ကျက်သွားတာမဟုတ်ဘူး
စိတ်ဒုက္ခ တွေထဲနေသားကျနေပြီမို့
မထူးဆန်းတာမျိုးပါ ။တချို့ စိတ်ပျက်ဖို့ ကောင်းတဲ့
အကြောင်းအရာတွေထဲမှာ ကိုယ်အဆင်ပြေနေတာ
မဟုတ်ခဲ့ပါဘူး
သတ္တိ တွေကိုမရမကမွေးပြီး
"အချိန်တန်ရင် အဆင်ပြေသွားမှာပါလေ" ဆိုပြီး
အံကြိပ်နေခဲ့ရတာ…တချို့အဖြစ်အပျက်တွေမှာ
မတုန်လှုပ်တာမဟုတ်ဘူး
ကိုယ့်ဘဝ မှာ
တုန်လှုပ် နေကျဖြစ်စဉ်တွေ
မကြာခဏကြုံတွေ့နေရတာမို့
တုန်လှုပ်ဖို့ အချိန်မပေးဖြစ်တော့ဘူး…တကယ်တော့
စိတ်ဓာတ်မာ ကျောတာမဟုတ်ပါဘူး
ခေါင်းမာ တတ်လာတာပါ …တစ်ခါ … တစ်ခါ
လူတွေဟာ ရင်ဘက်ထဲက
အမာရွတ်တွေကိုမမြင်ကြဘူး
ရုပ်ဂုဏ်ဒြပ် တွေ နဲ့ပဲ ထင်ကြေးပေး
ဆုံးဖြတ်သွားကြတာ …ကိုယ့်ပြိုလဲ ခြင်းတွေက
သိပ်သနားဖို့ကောင်းခဲ့တာပေါ့ …Luah(AungKhinSitt)
YOU ARE READING
နှစ်သက်မိလေသော
Poesíaနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ