မင်းရှိတာနဲ့ မရှိတာနဲ့လည်း သိပ်မကွာခြားပါဘူး။
ဆက်လေ့မရှိတဲ့(ဆက်လို့လည်းကိုင်လေ့မရှိတဲ့) ဖုန်းမို့လည်း သိပ်မထူးခြားပါဘူး။လိုအပ်လို့ ခိုကိုးနေခဲ့တာ မဟုတ်တဲ့အတွက်လည်း အထူးတလည် မလွတ်မြောက်ဖြစ်ဘူး။အဲဒီလိုပဲ ပိုင်ရှင်ပျောက်သွားတဲ့ခွေးလို တည်မှီရာလည်း မရှိပြန်ဘူး။
အသိစိတ်ရဲ့ တခြားတဖက်မှာကျ အပြစ်လုပ်ထားတဲ့ကလေး အိမ်မပြန်ရဲသလိုမျိုး ဒါမှမဟုတ် တစ်ခုခုကျကွဲထားလို့ အကောင်းအတိုင်းပြန်မရတော့တဲ့ ပစ္စည်းတစ်ခုကို ကြည့်ပြီး ကြေကွဲနေရသလိုမျိုး....။
ဂရုစိုက်မှုတစ်ခုခုကို တောင့်တနေမလား။
" မိုးရွာနေတယ် ဂရုစိုက်"လို့ပြောရမလား။
ရှိန်းသူဟန်ပြောဖူးသလို" ဂရုစိုက်မှုဟာ မလိုလားတဲ့သူကို သွားပေးရင် အနှောက်အယှက်ပေါ့"တဲ့
လမ်းမတစ်လျှောက် ဝါကျင်ကျင်နဲ့ လင်းလာတဲ့ လမ်းမီးတွေတွေ့တယ်၊
ဘာတွေကျပျောက်မှန်းမသိလို့ ဆို့တက်လာတဲ့ မျက်ရည်စတွေဟာ ဘာအတွက်လဲ?
ဘာအတွက်ကျတာလဲ?
မှတ်ဉာဏ် အသိဉာဏ်ကို ပိတ်ဆို့တဲ့ ပရိုတိန်းအတုံးအခဲတွေဟာ ဦးနှောက်ထဲမှာ စုခဲနေတယ်။မင်းမရှိလည်း ဖြစ်တော့ဖြစ်ပါတယ်။
မင်းမရှိတော့ ဖြစ်လည်းဖြစ်မလာတော့တာတွေရှိတယ်။
ဘာတွေကွာခြားသွားလို့လဲ။
ရေရေရာရာ မပြောတတ်ပေမယ့် ငါသိတယ်။ ငါသိတာကို မင်းကမသိဘူး။
ဘဝဟာ အံချော်နေတဲ့ စက်သွားတစ်ခုလို အသံဆိုးတွေထွက်နေတာပဲကောင်းပါတယ်။
ကျပျောက်သွားတဲ့ ဂျစ်ဆောလေးက မင်းပဲ။
ငါ ဘယ်မှာမှ ပြန်ရှာလို့ မတွေ့တော့ဘူး။
အစတည်းက မရှိခဲ့တာပါ။ ခုလည်း မရှိတော့ဘူး။ ဒါပေမယ့် အဲဒီနှစ်ခုက မတူဘူးလေ။ သေလို့ရပြီပဲ။#ခွန်းညိုသွေး
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ