6

27 1 0
                                    

နွေ
ဘယ်သူ့ဆန္ဒမှမပါပဲ
မြူးနေတဲ့လေရူးတွေကိုတွေ့ရင်
ကိုယ်လွမ်းလို့ငိုချင်လာတော့တာပဲ။

ချစ်ရမဲ့သူတွေ့နေပြီလား Petrichor!!
အဲ့ဒီမိန်းကလေး မင်းကိုဂရုစိုက်ရဲ့လား။
မင်း သူ့ကြောင့်ပျော်ရရဲ့လား။
သူ မင်းကိုကိုယ့်ထက်ပိုလို့ချစ်နိုင်ရဲ့လား။
.......

လေပွေတွေထဲကရော်ရွက်ဝါတွေလိုမျိုး
ဆောက်တည်ရာမဲ့သွားတဲ့ခံစားချက်မျိုးနဲ့
ကိုယ်ကြေကွဲရတယ်။

မင်းကို ကိုယ့်လောက်ချစ်နိုင်တဲ့သူ
ဒီကမ္ဘာပေါ်မရှိဘူးလို့ယုံကြည်လိုက်တဲ့နေ့ကစပြီး
ကိုယ်ကလွဲလို့
တခြားသောမိန်းမတစ်ယောက်နဲ့
မင်းမဆုံပါစေနဲ့လို့
ကြိတ်ဆုတောင်းဖြစ်တော့တာပဲ။
ရစ်သန် #ရစ်သန်

နှစ်သက်မိလေသောWhere stories live. Discover now