ရပ်ကြည့်နေရုံလေးပဲ ရောင့်ရဲချင်ပါတယ်။
ကိုယ့်ဘဝလမ်းကို ပုံမှန်လျှောက်လှမ်းရင်း တစ်ချက်တစ်ချက် သတိရတဲ့အခါ
သူ့ကမ္ဘာလေး လင်းချင်းနေတာ
သူ့အပြုံးတွေ မြင်သာထင်သာရှိနေတာကို ရပ်တန့်ငေးမောမယ်။
သူ့အပေါ်ကျမယ့် မိုးရေစက်တိုင်း ကိုယ့်လက်ဖမိုးလေးနဲ့ ကာပေးချင်တဲ့အကြောင်းတွေးရင်း
နှစ်လိုစွာပြုံးမယ်။
သူ့အပြုံးတစ်ချက်က ကိုယ့်ဒဏ်ရာအနာတရတွေအားလုံးကို ထွေးဆက်ကွယ်ပျောက်စေကြောင်း (ဘယ်တော့မှလည်းရောက်မလာမယ့်) တစ်နေ့နေ့မှာ သူ့ကိုပြောပြဖို့ ဆုံးဖြတ်ချက်ချမိဦးမယ်။ဒါဟာ အချစ်ကိုမယုံတဲ့ မိန်းမတစ်ယောက်ရဲ့ သူ့အတွက်ဖွဲ့သီတဲ့ ချစ်ခြင်းမေတ္တာပါပဲ။
ဖြူ လွှ ရှ တ တဲ့ တိမ်တိုက်စွန်းတွေထက် ခပ်နက်နက်ရေးထွင်းထားမယ့် သူ့အမည်နာမလေးတွေထဲ
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေခဲ့ချင်ပါသေးတယ်။ရပ်ကြည့်နေရုံလေးပဲ ချစ်မြတ်နိုးချင်ပါတယ်။
ရပ်ကြည့်နေရုံလေးပါပဲ။#Wadi
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ