"FanGirls are not Robot
Fangirls are Human too"
(မကျေနပ်တဲ့နေရာ မဖတ်ဘဲရပ်လိုက်ပါ)
များများ Support
များများအောင်မြင်
များများဝင်ငွေရ
များများ ကြိုးစား
များများ ဆုရ
များများ ယုံကြည်
များများ သစ္စာရှိ
များများချစ်တာထက် ပိုလေးနက်
များများရင်ကွဲ
များများစိတ်ကိုလျှော့
များများ အငတ်ခံ
များများ အထင်သေးခံ
များများ အရှုံချခံ
များများ လူ့ဘောင်ထဲက ဆန့်ကျင်ဘက်သွား
များများကဗျာဆန်
များများ အမှတ်တရတွေရေးမှတ်
များများ သုတ်ကြောင်မလို့ အခေါ်ခံ
များများ လမိန်းကလေးဘဝ ရဲ့ပျော်ရွှင်မှု့ကို
များများစောက်ရေးမပါတဲ့ ဝေါဟာရအတွက်
များများ မစင်ကိုနံ့သာစင်
များများခံစား
များများရင်ကွဲ
များများ အတိုက်ခိုက်ခံ
သေလေ အေးတာပေါ့
သောက်ပို တွေ လုပ်ခဲ့မိလေသလား
ကိုယ့်အတွက်ခံစားတာ မဟုတ်ဘူးကလေး
Album တွေ သုံးလေးချပ်ဝယ်တာကို ရူးတယ်လို့မင်းတွေးပြီးခေါင်းခါချင်လား မင်းသာ Idol မဖြစ်ခဲ့ရင် မင်းလည်း ကိုယ့်ကိုဆဲနေမှာပဲ !!
ဒါပေမဲ့ ကလေးမင်းသာ Idol မဖြစ်ခဲ့ရင်လည်း ငါဟာဒီနေရာ မှာသောက်ရူးလို ကုတ်ကတ်မနေဘူး ဟားတိုက်ပြီး လည်ပတ်နေမှာ !!
မင်းနောက်က ခွေးလိုဝက်လိုလိုက်နေတာ ရွံရှာစရာ ကောင်းလား အင်းပေါ့ ကိုယ်ကိုတိုင်တောင် မင်းမျက်နှာပျက်လို့ ထပ်တူအော်ဆဲခဲ့ဖူးတာပဲ !!
ဒါပေမဲ့ အဲ့ သတ္တဝါလေးတွေက လောကရဲ့ ပန်းတစ်ပွင့်ပဲဆိုတာ မင်းမမေ့နဲ့ ကလေး !!
Show ပွဲတွေ Concert တွေမှာ မင်းပြောနေကျ အချစ်တွေ လေဆိပ်မှာ ချွေးသိပ်ဖို့ ပြောပေးပါ အာ ကလေးပင်ပန်းနေတာပဲ အရှက်မရှိတဲ့သတ္တဝါလေးတွေနောက်ဆုတ် မင်းလည်း အရင်တုန်းက တအံ့တသြ ကြည်နူးခဲ့ဖူးတယ် ဒါပေမဲ့ Google ရဲ့ Keyboard search မှာ Fangirls are လို့ ရိုက်လိုက်ရင် ထွက်ကျလာတဲ့ Top Ten က သိပ်သိမ်ငယ်စရာကောင်းနေတယ် ဒါပေမဲ့ ရွှေရောင်လွှမ်းတယ် ကိုယ်အော်နေဆဲပဲ "
"လျစ်လျှု့ ရှု့တာနဲ့ သောက်ဂရုမစိုက်တာ
ယုံကြည်ချက်ရှိတာနဲ့ သောက်အရွဲ့တိုက်တာ ကို
ယ် နားလည်လာအောင် ပြန်လေ့လာပေးမယ် ကလေး "
"ကိုယ် အငတ်ခံထားတဲ့ ငွေတွေ ကနေ ရှင်သန်လာတဲ့ အောင်မြင်မှု့ကို နင်းလျှောက်ပါ လမ်းဆုံးမှာ သူမစောင့်နေလို့ ချော့ဖို့ရာ လက်စွပ်လေးတစ်ကွင်းဝယ်သွားပေး ကိုယ်သိပါတယ်မင်းက ဒါတွေ သင်ရာမလိုဘဲ တတ်မြောက်နားလည်ပြီးသား မင်းကိုစမြင်တုန်းက လက်စွပ်တစ်ကွင်းစာ မင်း Chart ထဲ အပေါ်စီးကငုံ့ကြည်နိင်ဖို့ မင်းစိတ်ပျက်တဲ့ လွန်လွန်ကဲကဲ အတ္တအတွက်ရင်းလိုက်မိတယ် ကိုယ်တောင်းပန်တယ်ကလေး "
"Aircorn လေစိမ့်စိမ့်နဲ့ အခနိးထဲ အဆိုးရွားဆုံး ရစ်တာတွေ ဆိုးတာတွေခံရတဲ့အခါ လေဆိပ်နဲ့နေရာတကာ သောက်ရူးလို ပြေးလိုက်ခဲ့တဲ့ Fan တွေနဲ့မနှိုင်းမိစေနဲ့ကလေး မင်းကိုယ်တို့ကို တန်ဖိုးထားခဲ့တာတွေက လိမ်ခဲ့တာ မဟုတ်ဘူး ဆိုတာ ကိုဟ်ခံစားမိတယ် "
"ဒါပေမဲ့ မပြောင်းလဲနဲ့ကလေး ကိုယ်ချစ်ခဲ့တာ မင်းမဟုတ်ဘူး ကိုယ့်နှလုံးသားထဲ ကလေးကို "
"မင်းနားမှာ ရပ်တည်မယ် မင်းကိုသာ ထာဝရ မှန်တယ်ဆိုတဲ့ အတ္တစွဲဝါဒီနဲ့ ခံစားရသမျှ လိမ်လည်ပြီး ရင့်ကျက်ပြထားတာ မင်းကတော့ ပျက်စီးနေတဲ့ ရင်ဘတ်ထဲ အဆိပ်လာမခတ်နဲ့ "
အေး Idol တိုင်းကလူမို့ Idol တိုင်းက ခံစားချက်ရှိလို့ Idol တိုင်းကို လွတ်လပ်ခွင့် အပြည့်ပေးထားခဲ့တယ် မပေးလို့လည်းမရဘူးလေ ကိုယ်က ဘာကောင်မမှမဟုတ်တာ ? ဒါပေမဲ့ Fangirl တွေကလည်း လူပဲ ခံစားချက်ရှိတယ် ! ပွဲခင်းထဲ Lightstick ပဲမြင်ရတယ်ဆိုပြီး ကိုယ်တို့ကို လမ်းဘေးမီးတိုင်လို မဆက်ဆံမိစေနဲ့ မေတ္တာတွေကမင်းအတွက်မို့
တစ်ခုခုဆိုအုပ်လိုက်အသံညီညီအော်ကြရယ်ကြနဲ့မို့ သံချပ်တိုက်နေတဲ့ လူရွှင်တော်တွေလိုဟာသမလုပ်ပစ်နဲ့ !!
မိုးပေါ်ပျံဖို့ ရွှေမှုန်လေးလောက်အတွက်နဲ့ လိုမှ ဇာတ်ကားထဲပေါ်ပေါ်လာတဲ့ Tinker Bell ကိုလည်း အမြင်ကတ်တာမလို့ !!! စင်ပေါ်မှာ မီးမောင်းထိုးပြခံထားရတဲ့ မင်းကိုငေးမို့အောက်ကအရိုးကျေကျေ တို့ဝှေ့နေတဲ့ သတ္တဝါလေးတွေမှာ အသက်ရှင်ကြောင်း ပြသနေတဲ့ နှလုံး ခုန်သံစည်းချက်တွေပါတယ် !! အမှောင်ချခံထားရတဲ့နေရာမှာ ထွန်းထားတဲ့အလင်းကကိုယ့်အတွက်မဟုတ်ဘဲ မင်းပျော်ဖို့ဆိုတာမမေ့ရင် ကျေနပ်ပြီ !တစ်နေ့မင်း ဘေးက လူကို တယုတယထွေးပွေ့ပါ ကိုယ်မျက်စိမှိတ်ရင်းပြုံးပြနေတဲ့အခိုက်အတန့် သူမကို ကိုယ့်ခေါင်းပေါ် တက်မထိုင်ခိုင်းနဲ့ ဆုံးမထားပေးပါ ကိုယ်ကပလ္လင်ဖြစ်ခဲ့ရင်တောင် သခင်တစ်ပါးဘဲ အသုံးခံခွင့်ပေးချင်တာ !!
(Idol များအား Feel တာမဟုတ် အပြင်လူတွေ ရဲ့အပေါစား Human Right အား- 'ဒဲ့ ဆတ်ဆတ်ထိမခံချေပသည်
မည်သူ့မှမရည်ရွယ်ပဲ နှာချစ်ချစ်ခဲ့တာလားဆိုတဲ့မေးခွန်း နဲ့ လူသား အခွင့်အရေးကိုပျောက်ဆုံးနေတဲ့ FaNgirl တိုင်းရဲ့နေရာ ကဝင်ရေးသည် !!!
ကိုယ်မကြုံဖူးသော စာတွေ့ Feel အချို့ကိုလည်းစာနာကာထည့် ချေပသွားသည်Cr. Zin Mi Mi Phoo
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ