ခင်ဗျား ရဲ့တည်ရှိမှုက
အရေးမပါဘူးလို့
ထင်လာခဲ့ရင်ပေါ့ခင်ဗျားကမ္ဘာပေါ်ဗဟိုတည်ပြီး
ကျွန်တော့်ကမ္ဘာလည်နေကြောင်းသတိရပါ
ခင်ဗျားကျောခိုင်းရင် နေဝင်တတ်တဲ့
လောကငယ်ရှိကြောင်းပေါ့ကျွန်တော့ကမ္ဘာမှာ ဝင်ရိုးစွန်းတွေမှားတတ်တယ်
သံလိုက်အိမ်မြောင်တွေတောင်
ခင်ဗျားဆိုတဲ့အရပ်ဆီ ညွှန်နေကျကြောင်းရောပေါ့ကျွန်တော့ကမ္ဘာမှာ ပန်းတွေလှတယ်
နေရောင်မလိုဘူး
ခင်ဗျားအပြုံးတစ်ချက်နဲ့တင် ပွင့်နေကြကြောင်းရောပေါ့Cr.Khaing Min Wut Yee
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ