ချစ်ခြင်းဟာ နာကျင်ခြင်းတွေချည်းပဲ
ဖြစ်ခဲ့ရတော့လည်း
ယူကြည်မှုတွေဟာ အနုတ်လက္ခဏာ တွေချည်းပါ…"အချစ်မရှိရင် လူတွေကမနေနိုင်ကြဘူး
သဟဇာတ မဖြစ်ပါဘူး …တဲ့ "ဒါပေမဲ့ ချစ်ခြင်းတွေဟာ
ပူလောင်ရတယ် နာကျင်မှုတွေ
ပေးတယ် လို့ ကိုယ်နားလည်လာတဲ့အခါ
တစ်ယောက်တည်း ငြိမ်သက်စွာနဲ့
နေချင်မိလာတယ် …ချစ်တတ်လားဆိုတော့
ချစ်တတ်ပါတယ် တခြားလူတွေထက်ပိုချစ်တတ်တယ်
ဘာလို့ လည်းဆိုတော့ အစွဲလန်း စိတ်တွေကို
ဦးစားပေးတတ်လွန်းသူမို့ပါ …စိတ်စွဲလန်း ခြင်းဟာ
အတော်ဒုက္ခ ပေးတယ်
ကိုယ့်အပေါ် မကောင်းမှန်းသိပေမဲ့
မျှော်လင့်ချက်တွေကို ချည်နှောင်ထားတဲ့
သံယောဇဉ်တွေအတွက်
မကြာခဏ ခွင့်လွှတ်ပေး တတ်မိတယ် ။ကိုယ်အဆင်မပြေတာတွေကို
သူသိဖို့ထက် သူအဆင်မပြေတာတွေကိုပဲ
ကိုယ်က ဦးစားပေးရတဲ့အခါ
ကိုယ့်ခံစားချက်ကို ကိုယ်တိုင် လစ်လျူ ရှုထားရတယ်။သူ့ကို ဥပေက္ခာ ပြုရမဲ့အစား
ကိုယ့်ကိုယ်ကို ဥပေက္ခာ တွေပြုတတ်လာတယ်။ကိုယ့်စိတ်ခန္ဓာ ကိုမေ့ပြီး
သူ့ အတွက်ကိုပဲ သတိတရနဲ့
အချိန်ပေးနေရတယ်… ။တခါတလေ ကိုယ်တို့တွေဟာ
တခြားလူတစ်ယောက် ရှင်သန်ဖို့အတွက်
ကိုယ်တိုင်လောင်ကျွမ်းခံပေးနေရတာကို
သတိမရကြဘူး …ချစ်ခြင်း ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ
ငါတို့ တွေက ငါတို့စိတ်ခန္ဓာ ကို
သတိမရကြတော့ဘူး မသနားတတ်ကြတော့ဘူး …LuAh(AungKhinSitt)
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ