ရုပ်ရှင်တွေကြည့်ရတာကြိုက်လား Petrichor!!
ရုပ်ရှင်ဆိုတာ......
လူတွေရဲ့ဘဝကိုစိတ်ကြိုက်ဖြတ်ထုတ်ပစ်လိုက်ပြီး
သူတို့ရဲ့ပျော်ရွှင်ဝမ်းနည်းမှုတွေကိုနာရီပိုင်းလောက်နဲ့
အတင်းနားလည်ပစ်ခိုင်းလိုက်တာပဲ။ရက်စက်လွန်းတယ်လို့မထင်ဘူးလား Chor!!
သိပ်ရက်စက်တယ်နော်.....ဘဝနဲ့ချီပြီးသယ်ဆောင်လာခဲ့ရတဲ့နာကျင်မှုတွေဟာ
The Endဆိုတဲ့စာသားအောက်မှာ
စုန်းစုန်းမြှပ်ပျောက်ကွယ်သွားရတယ်။
နာကျင်မှုဆိုတာ ဆက်ရန်ရှိသေးသည်ဆိုတဲ့စာသားမျိုးသာေ
ရးဖို့သင့်တော်တာမဟုတ်လား။
နောက်ထပ်နာကျင်ရန်ရှိသေးသည်ပေါ့ကွာ....ထပ်တူဝမ်းနည်းရပါတယ်ဆိုတဲ့စကားဟာ
တကယ်တော့
အလိမ်အညာတွေပါပဲ ကလေးရယ်!!
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ