ဘယ်အရပ်မှန်းမသိပေမဲ့
အဲ့ဒီအဝေးကြီးကိုကြည့်ပြီး အကြာကြီးငေးတယ်။
မင်းဖြတ်ထားတဲ့စီးကရက်တွေ ငါပြန်သောက်နေတယ်။
လွမ်းဆွတ်ခြင်းဆီကလွတ်လမ်းမရှိတော့တဲ့နောက်....ဘယ်အရပ်မှာ
မင်းခရီးတွေလွန်နေတာလဲ Petrichor!!
ပြန်လာပါဆိုတဲ့စကားကို မင်းနာမည်နဲ့တွဲပြီးကိုယ်ရွတ်တယ်။
ဒီအလွမ်းတွေမှန်ရင် ကိုယ့်အပေါ်အကျိုးသက်ရောက်ပါစေ။နှုတ်မဆက်ရင်
ဝေးမသွားဘူးလို့ပဲ ကိုယ်ယုံထားတယ်။
ကျေးဇူးပြုပြီး ပြန်လာနော်....တယောက်ကိုတယောက်မထားခဲ့ကြဘူးလို့ ကိုယ်ဆုံးဖြတ်ထားတယ်။
ကိုယ့်ဆုံးဖြတ်ချက်ကိုလေးစားပါ ကလေး!!မင်းထွက်သွားချင်ပြီဆို ကိုယ့်ကိုငဲ့ညာပါ။
ကိုယ်ထွက်သွားချင်တဲ့အခါ ကိုယ့်ကိုကိုယ်ငဲ့ညာမယ်။ကိုယ်မှ မင်းမရှိရင်မနေနိုင်ပဲ.....
#ရစ်သန်
YOU ARE READING
နှစ်သက်မိလေသော
Poetryနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ