အချစ်တွေပေးတိုင်း အချစ်တွေပြန်ရမယ်လို့ထင်သလား
ဒါဆို မင်းမှားသွားမှာပေါ့
အဓိကကမင်းပေးနေတဲ့အချစ်တွေ သူ့ဆီရောက်ရဲ့လားဆိုတာပိုအရေးကြီးတယ်
အချစ်ကအသွားအပြန်မလိုပါဘူး မင်းသာချစ်နေလိုက်
ချစ်ခြင်းမေတ္တာဆိုတာ စိတ်ချမ်းသာစရာချည်းပဲ
မေတ္တာမှန်ရင်ရောင်ပြန်ဟပ်မယ်ဆိုတာ
မင်းကိုပြန်ချစ်လိမ့်မယ်လို့ဆိုလိုတာမဟုတ်ဘူးနော်
ဥပမာ မင်းကိုချစ်နေတဲ့လူတစ်ယောက်အပေါ် မင်းအနေနဲ့ရိုးရှင်းတဲ့မေတ္တာပြန်ထားပေးတာမျိုးလောက်ပါပဲမမျှော်လင့်နဲ့...
မင်းချစ်ရတဲ့သူဆီက ဘာကိုမှမမျှော်လင့်ပါနဲ့
မင်းတို့ကြားမှာ မဖြစ်နိုင်တဲ့စည်းတွေခြားနေခဲ့ရင်
ပိုလို့တောင်မမျှော်လင့်ပါနဲ့ အဲဒီစည်းမှာပဲရပ်နေလိုက်ပါ
ပြီးရင် မင်းလက်လှမ်းမီသလောက်ချစ်ပေါ့
ဒါဆို မင်းအတွက်နာကျင်စရာမရှိပါဘူး
အချစ်ဆိုတာပူလောင်ရမယ့်အရာမှမဟုတ်တာ
ဘာလုပ်မှာလဲကွာ...
မပိုင်ဆိုင်ရမယ့်အတူ ပူလောင်နေရမှာထက် စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့မင်းချစ်နိုင်သမျှချစ်ပါ
မင်းဆုတောင်းတွေနဲ့သူသာပျော်နေတယ်ဆိုရင်
မင်းရဲ့ချစ်ခြင်းမေတ္တာကပြီးပြည့်စုံပါတယ်တကယ်လို့ မင်းပင်ပန်းလာပြီဆိုရင် ရပ်ပစ်လိုက်ပါ
သူ့ကိုအပြီးသတ်စွန့်လွှတ်လိုက်ပါ သူ့အတွက် မင်းပေးခဲ့တဲ့အချစ်တွေ လုံလောက်ပြီမဟုတ်လား
ပြန်တွေးတိုင်း မင်းပေးခဲ့တဲ့အချစ်ကစစ်မှန်ခဲ့တယ်ဆိုရင်
မင်းမှာအထူးတလည် ၀မ်းနည်းနေစရာအကြောင်းမရှိသလို မင်းကိုယ်တိုင်လည်း သူ့ကိုစွန့်လွှတ်နိုင်သွားမှာပါ
မင်းမရှိလည်းဖြစ်နေတဲ့လူတစ်ယောက်အတွက်
မင်းအချစ်တွေကို ဒီထက်ပိုအကုန်မခံပါနဲ့
မင်းကိုအရမ်းချစ်ပေးမယ့်သူနဲ့မင်းဆုံရဦးမှာပါ
အဲအချိန်ရောက်ရင် မင်းပိုလို့တောင်ချစ်တတ်လာလိမ့်မယ်ချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှပူလောင်တဲ့အရာမဟုတ်ခဲ့ပါဘူး
အတ္တတွေကြောင့်သာအရောင်တွေစွန်းကုန်တာပါ
ဒါကြောင့် မင်းကိုတော့ချစ်ခြင်းမေတ္တာက အေးချမ်းတဲ့အရာဆိုတာသိစေချင်တယ်...#ညီစေမင်း##ညီစေမင်း
YOU ARE READING
နှစ်သက်မိလေသော
Şiirနှစ်သက်သဘောကျမိတဲ့ စာအပိုင်းအစလေးတွေကို စုစည်းချင်တဲ့သဘောနဲ့တင်ထားတဲ့ Book ကလေးပါ