40

5 0 0
                                    

ဘယ်သူ့မှ နားမလည်ပေးနိုင်တဲ့
ဘဝ တစ်ခုကို ခင်ဗျားစိတ်ပျက်အားငယ်ဖို့မလိုဘူး
ဒါပေမဲ့ ခင်ဗျား အတွက် ခင်းဗျားကိုယ်တိုင်က
နားလည်ပေးဖို့ ပဲလိုတယ် ။

ဘဝ မှာ ကိုယ်ဘာဖြစ်ချင်တယ်
ဘာလိုချင်တယ် ဆိုတဲ့ ဆန္ဒ တွေကိုမေ့ပြီး
လူတချို့ ရဲ့ စကားသံတွေထဲကို
ခုန်ချလိုက်တဲနေ့ဟာ ခင်ဗျားရဲ့လမ်းတွေ
ပျောက်ဆုံးတဲ့နေ့ပဲ မိတ်ဆွေ …

အားလုံးက အနုတ်လက္ခဏာ ပြနေရင်တောင်
ခင်ဗျား ကိုယ်တိုင် က အပေါင်းလက္ခဏာပြန်ပြနေဖို့
လိုတယ် ။

တချို့က ခင်ဗျား ကိုစကားသံတွေ နဲ့
ဖြိုခွဲဖို့ကြိုးစားကြလိမ့်မယ်
တချို့ စကားသံတွေက ချိုသာကောင်းချိုသာလိမ့်မယ်
ဒါပေမဲ့ မကောင်းသောလမ်းတွေပေါ်ကို
ဖြေးဖြေးလေးချော့ပြီး တွန်းပို့တဲ့ "စကားချို " တွေ
တချို့ကတော့ ခါးသီးအောင်ပြောတယ်
မဟုတ်ကို အဟုတ်လို့လည်းပြောမယ်
ဟုတ်တဲ့အရာကို မဟုတ်ဖြစ်အောင်လည်းပြောမဲ့
အကြံအဖန် စကားသံတွေပေါ့ …

ဒါနဲ့ ခင်ဗျားရဲ့စကားသံတွေကိုပဲ
အမြဲတမ်းပြန်နားထောင်နိုင်အောင်ကြိုးစားဖို့
မမေ့ပါနဲ့ …

တခါတလေကြတော့
လူတွေက အခြားသောစကားသံတွေထဲကို
ခုန်ဆင်းပြီး အချိန်တော်တော်ကြာ
လမ်းပျောက်နေတတ်သလို
ဘာမဟုတ်တဲ့စကားလေးကြောင့်
အားငယ်ပြိုလဲနေတတ်တယ် …

ဒီအတွက် ခင်ဗျား ကိုယ်တိုင်က
ပြောလာတဲ့ ဆန္ဒ စကားကို
လူတချို့ရဲ့ စကားနဲ့
မရောထွေးလိုက်ဖို့ပဲလိုတယ် …မိတ်ဆွေ ။

LuAh(AungKhinSitt)

နှစ်သက်မိလေသောWhere stories live. Discover now