"" Birth of Little Candies ""
တစ်ခါက ညားခါစ လူလတ်တန်းစား လင်မယားနှစ်တွဲဟာ မိဘရဲ့အရိပ်အောက်က ခွဲထွက်ကာ တစ်အိုးတစ်အိမ်ထူထောင်ရန် စတင်ခဲ့ကြတယ်။
တိတ်ဆိတ်အေးချမ်းတဲ့ ရပ်ကွက်ငယ်လေးတစ်ခုမှာ လုံးချင်းတိုက်အိမ်လေးကိုငှါးပြီး ပြောင်းရွှေ့ခဲ့ကြတယ့် လင်မယားနှစ်တွဲဟာ တိုက်ဆိုင်စွာဘဲ တနေ့ထဲမှာ ရောက်လာခဲ့တယ်။
ခြံချင်းကပ် တိုက်ချင်းဆက် လင်မယားနှစ်တွဲဟာ
ယခုမှသာစတွေ့ပေမယ့်လည်း အသစ်ဖြစ်သော အိမ်နီးချင်းအချင်းချင်း အရမ်းကိုလည်းခင်ခဲ့ကြတယ်။တစ်အိမ်ရဲ့အခက်အခဲကို တစ်အိမ်က ဖေးမကူညီရင်း မိသားစုတစ်စုပမာ ရင်းနှီးလာကြတဲ့ လင်မယားနှစ်တွဲဟာ တိုက်ဆိုင်လွန်းစွာဘဲ သားဦး ကိုယ်ဝန်လွယ်ရချိန်လည်း တချိန်ထဲဖြစ်ခဲ့ပြန်တယ်။
"မိန်းမရေ...ကိုယ် ပြန်လာပြီိ "
Taxi ပေါ်မှ ဆင်းဆင်းချင်း ခြံဝကတည်းကပင်
အူမြူးကာ မိန်းမကိုလှမ်းအော်ခေါ်နေသော
အမျိုးသားသည် Kin JongDae တဖြစ်လဲ Chen ဟုခေါ်သော
လခစားရုံးဝန်ထမ်းတစ်ဦးဖြစ်သည်။အိမ်ထဲကိုဝင်လျှင်ဝင်ချင်း
လသား ကလေးငယ်ကိုပို်က်ကာ ကြိုလျက်ရှိသော
မိန်းမဖြစ်သူ Xiumin က သူမယောက်ျားအူမြူးလာသောအကြောင်းကိုမေးလေသည်။"ရှင် ပျော်စရာတစ်ခုခုများရှိလာသလား Chen "
Chen က သူ့မိန်းမလက်ထဲက သားလေးကို
မွှေးမွှေးပေးကာ သူ့မိန်းမကိုလည်း ပြွတ်ခနဲနမ်းလိုက်ရင်း ဖြေသည်..."ကိုယ် ရာထူးတိုးတယ်လေ... "
"ဟယ်...ဟုတ်လား? "
" Omm...ကိုယ်က အခုဆိုရုံးမှာ ဒုတိယရာထူးအကြီးဆုံးဖြစ်ပြီ မိန်းမရဲ့..."
" ရှင့်အတွက် ဂုဏ်ယူပါတယ်ရှင်...ဒါဆို ကျမတို့ ဂုဏ်ပြုပွဲကျင်းပရမယ်လေ ဟုတ်တယ်မလား?"
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"