"ဘယ်လိုဖြစ်လို့ အစောကြီးပြန်လာကြတာလဲ? "အိမ်ထဲသို့ဝင်ဝင်ချင်း မားXiu က စီးမေး၏။
မနက်၅နာရီသာရှိသေးသည်မို့ အိပ်ပျော်နေရာက
တံခါးလာဖွင့်ပေးပုံရတဲ့ မားXiu ခမျာ အိပ်ချင်မူးတူးနှင့်။LuHannie ကတော့ မားXiuကိုဘာမှပြန်မဖြေဘဲ သူ့အထုပ်ကိုသူဆွဲကာ အပေါ်ထပ်ကသူ့အခန်းဆ်ီ ကွတကွတ နဲ့တက်သွားလေပြီ။အိမ်တံခါးဝတွင် မားXiu နှင့်အတူ ရပ်ကျန်နေခဲ့သော Sehun ၏ အိုကျနေသောမျက်နှာအနေအထားကြောင့် မားXiu က သူတို့နှစ်ယောက်တစ်ခုခုဖြစ်လာမှန်းရိပ်မိသွားသည်။Sehun ၏လက်မှအထုပ်များကိုချခိုင်းရင်း ဧည့်ခန်းမှာထိုင်ဖို့ပြောလိုက်သည်။
"Sehunnie....ဘာတွေဖြစ်လာပြန်တာလဲ? "
မားXiu ၏မျက်နှာကအလေးအနက်နှင့်။
Sehun ပြန် ဖြေရခက်သွားသည်။ပြသနာသည်ကား သူ ညက LuHannie အား ဇွတ်အတင်း ဘာ လိုက်သောကြောင့်ဖြစ်သည်။LuHannie သည် ကိစ္စပြီးတာနဲ့ချက်ချင်း အထုပ်သိမ်းကာ ကားဂိတ်ကိုထွက်သည်မို့ Sehun ခမျာ တပါတည်းလိုက်လာခဲ့ရခြင်းပင်။"ကျနော် သူ့ကိုစိတ်ဆိုးအောင်လုပ်လိုက်မိလို့ပါ မားXiu "
Sehun ၏မျက်နှာငယ်လေးကိုကြည့်ရင်း
မားXiuမှာလည်းစိတ်မကောင်း။
သူမရဲ့သား ဝက်ပေါက်စအကြောင်းကို
သူမလည်းကောင်းကောင်းသိတာဘဲမဟုတ်လား။LuHannie လေးဟာ ဆိုးကိုဆိုးလွန်းပါတယ်လေ။"မား Xiu .. ကျနော် ခဏတက်သွားမယ်နော် "
" အော်..အေးအေး သွား"
လက်ထပ်ပြီးနောက် LuHannieနှင့် Sehunnieတို့အား Tao တို့အိမ်မှာနေခိုင်းဖို့ဆုံးဖြတ်ခဲ့ကြသည်။အိမ်ချင်းကလည်းကပ်လျက်မို့ကြောင့် Xiumin တို့ကလည်းသဘောတူသည်။နှစ်ဦးတည်း သီးသန့်အိမ်ခွဲနေဖို့ကျ နှစ်ယောက်လုံးက ငယ်လွန်းသည်ဟုယူဆမိတာကြောင့်ပင်။ယခုတော့ LuHannie က စိတ်ဆိုးလာတာကြောင့် Tao တို့အိမ်ကိုမပြန်ဘဲ သူမတို့အိမ်ကိုဘဲရောက်လာခဲ့တာဖြစ်သည်။

YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"