"ဘာတွေတွေးနေတာလဲ? "လက်ထပ်ပွဲမတိုင်ခင် တစ်လအကြောင်း ပြန်ပြောင်းသတိရနေရာမှ အနောက်ဘက်နားမှသူ့အသံကြောင့် LuHannie သတိပြန်ဝင်လာသည်။အခုတော့လည်းအချိန်တွေကမြန်သလိုပင်။သူဟာ Sehun နှင့်မနေ့ ကဘဲ တရားဝင်လက်ထပ်ခဲ့ပြီးပြီမဟုတ်လား။နှစ်ယောက်လုံးကကျောင်းတက်နေဆဲမို့ Honeymoon အတွက် မိဘတွေက ပြည်ပခရီးကို မစီစဉ်ပေးခဲ့ဘဲ ဂျယ်ဂျူကျွန်းသို့သာ သုံးညအိပ်Honeymoon ထွက်ဖြစ်ခဲ့ကြသည်။
လုံးချင်းဘန်ဂလိုတွင် မှန်ပြတင်းအနားရပ်နေသည်မို့ နီးကပ်စွာမြင်နေရသောပင်လယ်မှလှိုင်းတွန့်ငယ်တစ်ချို့ကို LuHannie ငေးနေစဉ် မိမိခါးကိုနောက်မှသိုင်းဖက်ခြင်းခံလိုက်ရလေသည်။
" Oh Sehun "
သတိပေးသလို အံကြိတ်၍ခပ်တိုးတိုးခေါ်လိုက်ပါသော်ငြား Sehun က သူ့ခါး ကိုလွှတ်မပေးသည့်အပြင် ပိုပြီးတင်းကျပ်စွာဖက်ထားပါ၏။
"ကောင်းကောင်းပြောနေတုန်း လွှတ်လိုက်နော် "
"Hannie ရာ...ဒါ ကိုယ်တို့မင်္ဂလာဦးညလေကွာ "
"အခုမလွှတ်ရင် မင်း နောင်တရသွားမယ်နော် "
Sehun ငုံ့ကြည့်လိုက်တော့
LuHannie က ခြိမ်းခြောက်သံနှင့်အညီ
လက်ကလည်း ကတ်ကြေးတစ်လက်ကိုကိုင်လျက် Sehun ၏ ခွကြားသို့နောက်ပြန်ချိန်ထားလေသည်။"ဟာ! ဒါက ဒီအထိ ပါလာသေးတာလား?"
Sehun ခမျာ အလန့်တကြားနှင့်
နောက်သို့ခုန်ဆုတ်လိုက်ရပါသည်တည့်။LuHannie က ကတ်ကြေးကိုထောင်ပြရင်း
Sehun အနားသို့လျှောက်လာသည်။
ထို့နောက် ကတ်ကြေးအသွားနှစ်ခုကို ပူးလိုက်ခွာလိုက်လုပ်ပြရင်း လူမိုက်ရုပ်နဲ့ပြောသည်။"အေး..ဒါဘာလဲသိတယ်နော်! မင်္ဂလာဦးတာတွေ မဦးတာတွေလာမပြောနဲ့! ကိစ္စတုန်းပစ်လိုက်မယ်!ဘာမှတ်!! ဟမ့်! "
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"