Part-13

6.7K 743 129
                                    

ကိစ္စ​တွေဖြစ်​ပျက်​ပြီး တစ်​လအကြာမှာ​တော့
LuHannie နဲ့ ​Sehunnie တို့မင်္ဂလာ​ဆောင်​ဖြစ်​ခဲ့ပြီး လင်​လင်​အရာ​မြောက်​ခဲ့​လေသည်​။သို့​သော်​ ထို​နေ့က Baekhyunee တစ်​​ယောက်​က​တော့ သူ​တောင်းဆိုသလိုမင်္ဂလာမ​ဆောင်​ခဲ့ရပါ​လေ။

ထိုနေ့ကBaekhyuneeက သူ့ဆရာကိုသွားမခိုးဖြစ်​ခဲ့၍​တော့မဟုတ်​။ Baekhyunee သည်​ LuHannie က Sehunnie ကို လက်​ထပ်​ရန်​သ​ဘောတူလိုက်​သည့်​​နေ့ကပင်​ သူ့ဆရာPark Chanyeol ဆိုသူကို သွားခိုးလာခဲ့ပါသည်​။

ခိုး​ပြေးပြီး​နောက်​တစ်​​နေ့မှာ
သူ့မိဘ​တွေအိမ်​ကို ဆရာPark ရဲ့လက်​ကိုဆွဲပြီး​ရောက်​ချလာခဲ့ပါသည်​။တကယ်​ခိုး​ပြေးလိမ့်​မယ်​ဟု မထင်​ထားခဲ့တဲ့ ဦး​လေးLayနဲ့ အန်​တီ Suhoတို့က​တော့ သူတို့သားနဲ့ ထို​ဗိုက်​ကြီးသည်​ဆရာကိုကြည့်​ပြီး ဘာလုပ်​လို့ဘာကိုင်​ရမှန်းပင်​မသိဖြစ်​ခဲ့ရပါသည်​။

ထို​နေ့က LuHannie နှင့်​ Sehunnie သည်​ မားXiu နှင့် ​Omma Tao တို့နဲ့အတူ မင်္ဂလာဖိတ်​စာကိစ္စနဲ့ ပုံနှိပ်​ဆိုင်​မှအပြန်​ Suho တို့အိမ်​ကိုဝင်​ခဲ့ကြတာ​ကြောင့်​ ထိုအဖြစ်​အပျက်​အားလုံးကိုမျက်​မြင်​ကြုံလိုက်​ရခြင်းဖြစ်​​တော့သည်​။

ကျောင်းတွင်​ သူတို့​အခန်း​သာမက
အတန်း​တော်​​တော်​များများကို အားကစားသင်​​ပေးရ​သောဆရာဟူ၍ အနှီ​ ဗိုက်​ပူဆရာPark Chanyeol နှင့်​ ​ဆရာ ချွဲမင်​ဟို တို့ပင်​ရှိ​လေရာ
တစ်​လှည့်​စီအချိန်​ခွဲဝင်​ပြီး​လေ့ကျင့်​​ပေး​လေ့ရှိသည်​။ထို့​ကြောင့်​လည်း LuHannie နှင့် ​Sehunnieတို့က ဆရာPark ကိုသိကြပါသည်​။

ဆရာPark က အားကစားဆရာဖြစ်​တာမို့
တစ်​ပတ်​မှာမှ အားကစားအချိန်​ နှစ်​ချိန်​သာ​ဝင်​သင်​ရ​လေ့ရှိသည်​။တစ်​ခါတ​စ်​​လေ သူ နှင့်​ဆရာချွဲမင်​ဟို
တို့အချိန်​လဲဝင်​ကြတာမျိုးလည်းရှိသည်​။သို့​သော်​ Sehunnie တို့အများဆုံး​တွေ့​နေရ​သောဆရာက​တော့ Park Chanyeol သာ။

ဆရာက အားကစားဆရာဖြစ်​​နေ​သော်​ငြား
အရပ်​ရှည်​တာတစ်​ခုမှလွဲ၍ ​ဘော်​ဒီမလှပါ ။
အနည်းငယ်​ဝ​သော်​လည်း အရပ်​ ကထိန်း​ပေး၍သိပ်​မသိသာ။ဆရာ့ကို​တွေ့လိုက်​လျှင်
အစင်းသုံး​ချောင်းပါ​သော အင်္ကျီနှင့်​​ဘောင်းဘီကိုသာ အမြဲဝတ်​ဆင်​ထား​လေ့ရှိသည်​။

Candy Where stories live. Discover now