Part-9

8.2K 913 160
                                    

Luhannie မိမိအခန်းထဲတွင်
ဆူပုတ်​လျက်​ရှိ​နေသည်​။
အခန်းထဲတွင်​​ခေါက်​တုန့်​​ခေါက်​ပြန်​လမ်း​လျှောက်​​နေရင်း ​ခြေ​ထောက်​နားကနီးသမျှပစ္စည်း​တွေကိုလည်းကန်​ထုတ်​ပစ်​​နေသည်​။
ဒေါသ​တွေကိုပုံချရန်
အိပ်​ယာ​ပေါ်မှ Tiger ရုပ်​ကြီးကိုလည်း
သွားသွားထိုး​နေ​သေးသည်​။

ဒီလိုဖြစ်​​နေရတဲ့အ​ကြောင်းအရင်းက​တော့
အိမ်​​အောက်​ထပ်​မှာရှိသည်​။

Oh Sehun......။

ယ​နေ့ သူ့မိဘ​တွေက အဘိုးအဘွား​တွေနှစ်​ပတ်​လည်​ကိုကန်​တော့ဖို့နယ်​ဘက်​ကိုသွားကြရသည်​။
ဒါကို Sehun ကလိုက်​မသွား။
ကျန်​​နေခဲ့​သော Sehun ကိုမိဘ​တွေက
အိမ်​မှာတစ်​​​ယောက်​ထဲစိတ်​မချ၍ဆို​သော
အ​ကြောင်းပြချက်​နှင့်
Luhannie တို့အိမ်​​ရောက်​ချလာသည်​။

သူ့အဘိုးအဘွား​တွေကို ကန်​တော့တာ ဘဲ
လိုက်​သွားပါ​တော့လားဟု Luhannie မ​ကျေမနပ်​​ရေရွတ်​​နေမိသည်​။

အမှန်​​တော့ Sehun သည်​လည်း
ကျောင်းရှိ​နေတာ​ကြောင့်
သူ့မိဘ​တွေကလည်း
သုံး​လေးရက်​ကြာမည်​ဖြစ်​တာ​ကြောင့်
လိုက်​မသွားရခြင်း။

အခုလည်း အိမ်​​အောက်​ထပ်​မှာ​ရောက်​​နေတဲ့
Sehun စကားကဟုတ်​ချင်​မှဟုတ်​မည်​။
သူ့ကိုမိဘ​တွေက စိတ်​မချစရာအ​ကြောင်းမရှိ။
အိမ်​ချင်းလည်းကပ်​​နေတာဘဲကို။
သူ့မိဘ​တွေ Luhannie ၏ မားကိုလာ​ပြောတုန်းက Sehun ကို အစားအ​သောက်​စီစဉ်​​ပေးရန်​သာအကူအညီ​တောင်းခဲ့တာ။
ညအိပ်​ချိန်​ထိ လာအိပ်​ဖို့​တော့မပါပါ။

ဒါသပ်​သပ်​ သူ့အကြံ​တွေ.....

Luhannie ကို ​ကျောင်းမှာ
စ​နောက်​ရတာအားမရလို့
ညအိပ်​ချိန်​ထိပါ စ​နောက်​ဖို့ကြံ​နေတာဖြစ်​မည်​။

အိပ်​ယာ​ပေါ်မှ Tiger ကို မျက်​​စောင်းထိုးကာကြည့်​လိုက်​ပြီး
ခုန်​တက်​ကာ ခွထိုင်​လိုက်​သည်​။
ထို့​နောက်​ Sehun ကိုမြင်​​ယောင်​ပြီး
မျက်​နှာကိုချည်း
လက်​သီးနဲ့အားရပါးရထိုး​ပစ်​လိုက်​သည်​။

သူ့အကြမ်း ဒဏ်​ကိုခံရတာကြာပြီဖြစ်​တဲ့
Tiger ၏ မျက်​နှာမှ ချုပ်​ရိုး ချည်​စ​တွေထွက်​လာ​တော့သည်​။

Candy Where stories live. Discover now