ပြတင်းပေါက်ကကျရောက်လာတဲ့ နေခြည်နုနုက မျက်ခွံပေါ်တည့်တည့်ထိုးလာတော့ Sehun ရဲ့မျက်လုံးတွေပွင့်လာရသည်။ နေရောင်ကိုရှောင်ပြီး ခေါင်းကို ရွှေ့လိုက်တော့မှ မျက်စိထဲမြင်လာရသည်က ချစ်သောဗိုက်ဗိုက် Hannie လေး။
သူနှင့်မျက်နှာချင်းဆိုင်လှည့်ကာ စောင်းစောင်းလေးအိပ်ပျော်နေဆဲဖြစ်ပြီး ပါးနှင့်ခေါင်းအုံးဖိထားတာမို့ နှုတ်ခမ်းလေးကဟကာ ရှေ့သို့် ချွန်ထွက်နေသေး၏။
လုံးကစ်နေသည့်ခန္တာကိုယ်က အသားတွေချည်းဖြစ်သည့်အပြင် ဗိုက်ကလည်း ရှေ့သို့ပူထွက်နေတာကြောင့် လက်ထပ်ခါစကလို သေးသေးကွေးကွေးလေးမဟုတ်တော့။သို့သော် တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာတော့ Sehun ဝန်ခံရမည်။
ဖောင်းနေတဲ့ ပါးဖွေးဖွေးတစ်ဖက်အား သာသာလေးညှပ်ဆွဲလိုက်တော့ မျက်မှောင်လေးကြုတ်ကာ နှူတ်ခမ်းလေးကအသံမထွက်ဘဲ ပွစိပွစိလုပ်သည်။ Hannie ကိုကြည့်ပြီး Sehun မှာတော့ တပြုံးပြုံးနှင့်။ မနက်စောစော လမ်းထလျှောက်စေချင်ပေမယ့် အအိပ်ပုတ်သော Hannie ကတော့ စောစော မထတာကြောင့် အခုလို နေထွက်သည့်အချိန်လောက်မှသာ မနည်း
နှိုးကာ လမ်းလျှောက်ထွက်ရသည်လေ။တစ်နည်းမရ တစ်နည်းနဲ့တော့ နှိုးရမည်ဖြစ်တာကြောင့် Sehun က Hannie ၏ အနားသို့ကို တိုးကပ်သွားလိုက်သည်။ကြားထဲမှာ ဗိုက်ကခံနေ၍ ခန္တာကိုယ်ချင်းကို အရမ်းကပ်လို့မရ။ မျက်နှာကိုဘဲ Hannie နှင့်နီးကပ်အောင်တိုးကပ်သွားလိုက်ကာ အသားတွေတစ်နေသော လည်ပင်းဖွေးဖွေးကို နှာတံလေးနှင့်တို့ထိ နမ်းရှုံ့လိုက်သည်။
"အွန့် အွန် ဝက် သား တုတ် ထိုးပေးပါ "
အသက်ရှူထုတ်ငွေ့ကြောင့် ယားစိစိဖြစ်သွားသော Hannie က တစ်ချက်တွန့်သွားပြီး ယောင်ရမ်းရေရွတ်၏။အိမ်မက်ထဲမှာတောင် အစားသောင်းကြမ်းနေဆဲဖြစ်မည်ထင်သည်။ယောင်တာကိုက အစားအသောက်နာမည်။ စောစောစီးစီး ဝက်ကို တုတ်နဲ့ ထိုးပေးလိုက်ရ မကောင်းရှိတော့မည်ဟု တွေးရင်း Sehun နောက်တစ်ခေါက် နှိုးဖို့ကြိုးစားသည်။
![](https://img.wattpad.com/cover/125521659-288-k214673.jpg)
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"