Part-3

9.4K 944 97
                                    

ရက်​လနှစ်​အလီလီ​ပြောင်းလို့
ဥတုအခါခါ​ရွေ့လျားပြီးတဲ့​နောက်​မှာ​တော့
တိုက်​ချင်းကပ်​ ခြံချင်းဆက်​မှ
ကောင်​ငယ်​​လေးနှစ်​​ယောက်​သည်​လည်း
နေကို ၁၈ ပတ်​မျှ ပတ်​ပြီးသည့်​အ​ခြေအ​နေသို့
ရောက်​ရှိလာ​လေပြီ...

မည်​သည့်​အရာဟူသည်
တည်​မြဲ​သောသ​ဘောတရားမရှိ​သော​ကြောင့်
ထို​ကောင်​​လေးနှစ်​​ယောက်​သည်​လည်း
ခေတ်​နှင့်​အညီ ဆိုသည်​ထက်
အသက်​နှင့်​အညီ​ ​ပြောင်းလဲခဲ့ပြီ...

Kris နှင့်​ Tao တို့၏ သား Sehunnie သည်
Uni Student မဖြစ်​လာခင်​ School lifeကပင်
စော်​ကြည်​ဘဲတစ်​​ယောက်​...။

"​ဟယ့်​ မိန်းမ! ငါ​ပြောပြမယ်​ ​သေချာနား​ထောင်​! ညည်းOh Sehun ကိုမမြင်​ဖူး​သေးလို့ အခု​နေများ မြင်​လိုက်​ရင်​ ​ကြွေသွားမယ်​!! "

"​ပြောစမ်းပါဦး...ညည်း​တို့လူကဘာမို့တုန်း​အေ့!"

Oh Sehun ဆို​သော နာမည်​ကိုကြားလိုက်​သည်​နှင့်​ ​ကျော​ပေးထား​သောစားပွဲဝိုင်းမှ LuHannie ​ခေါင်း​ထောင်​သွားသည်​...
တောမှတက်​လာ​သော မိန်းက​လေးတစ်ဦးနှင့်​ မြို့ခံသူငယ်​ချင်းမ​လေးတို့ ​ဆီမှ
Oh Sehun ၏မှတ်​ချက်​အား သူနားစွင့်​​နေလိုက်​သည်​...

"ဟာ!! Oh Sehun ဆိုတာ အရပ်​က ရှည်​ရှည်​~~ အသားက ဖြူဖြူ~~ မျက်​ဝန်းက စူးစူး ~~ မေးရိုးချွန်​ချွန်​နဲ့ aigooOOOO ရယ်​လိုက်​ရင်​ သွားစွယ်​​လေး​တွေများ​ဖွေးလို့!!   "

ထိုမိန်းက​လေးက လက်​က​လေးကိုပါးစပ်​မှာအုပ်​လို့ ​ကောင်းကင်​ကို​မော့ကြည့်​ကာ ဖီးလ်​အပြည့်​ဖြင့်​​ပြော​နေသည်​...​ဘေးနားက ​တောသူမက သူ​မော့ကြည့်​​နေ​သော ​ကောင်းကင်​ကိုလိုက်​ကြည့်​ရင်း ​ကြောင်​​တောင်​​တောင်​နဲ့...

အလကား! ကလန့်​ကလားအရပ်​ကိုများ ဘယ်​နားသ​ဘောကျစရာရှိလို့!
ဘာတဲ့?!! အသားဖြူဖြူ!...
သွေးမရှိသလို ဖြူဖတ်​ဖြူ​ရော်​​ကောင်​ကိုများ...
ငါ့​လောက်​လည်းမျက်​လုံးမလှဘဲနဲ့...ဟွန့်​!
ချွန်​​နေတဲ့​မေးရိုးများ လူလာပြီးမထိုးမိရင်​ကံ​ကောင်း!! ဟန့်​!..ဘာသွားစွယ်​တုန်း!! အလကား! လူလိုလို ဘီလူးလိုလို​ကောင်​!!

Candy Where stories live. Discover now