Xiumin LuHannie ကို ရေချိုးအဝတ်အစားလဲပေးပြ်ီး SeHunnie ကိုတောင်းပန်ရန်
Taoတို့အိမ်ဘက်အား သွားစေလိုက်သည်...LuHannie လည်း သူတို့အမြဲခြံနှစ်ခြံကိုကူးနေကျဖြစ်တယ့် တံခါးပေါက်သေးသေးလေးကနေ ဖြတ်ကာ Taoတို့ခြံထဲကိုဝင်လာခဲ့တယ်...
Taoတို့အိမ်ထဲတွင်တော့ ဧည့်ခန်းရှိ TVရှေ့တွင်
ထိုင်ကာ SeHunnie ကို ထမင်းခွံ့နေသော
သားအမိရှိလေသည်...SeHunnie သည် ရှေ့မှ Winnie The Phooh ကာတွန်းကိုအကြည့်မပျက်ဘဲ သူ့အမေရှိရာဘက်ကို ပါးစပ်လေးဟပေးကာ ခွံ့ကျွေးလာသော ထမင်းများကိုမြုံစိမြုံစိနဲ့ ဝါးနေလေသည်...သူမကြိုက်သောအသီးပါနေ၍မျက်နှာကမစားချင်စားချင်ဖြင့်မဲ့ရှုံ့ သွားသေးသည်...ဒီလိုဂျေးများလို့လည်း လူကပိန်ညှောင်ညှောင်ဖြစ်နေတာဖြစ်သည်...
Xiumin သူ့သားကို လွှတ်လိုက်ကြောင်း
Tao ကိုဖုန်းဆက်ကာ အသိပေးလိုက်သည်...Tao ကစိတ်ချဖို့ ဖုန်းပြောပြီးတော့ SeHunnieကို ထမင်းအခွံ့ SeHunnie က စပ်စုလေသည်...
"Omma...ဘာတဲ့ရဲဟင်? "
Taoဖုန်းပြောနေစဉ်
Xiuလို့ခေါ်လိုက်တာကြောင့် တဖက်အိမ်ကဆက်မှန်းသိတယ့် SeHunnie က သိချင်စိတ်နဲ့မေးသည်..."LuHannie လေးကို အိမ်ဖက်လွှတ်လိုက်တယ့်အကြောင်းပြောတာ "
Taoဖြေသောအချိန်နှင့် အကိုက်မှာပင်
အိမ်တံခါးကိုတဒေါက်ဒေါက်ခေါက်နေလို့
သွားဖွင့်ပေးလိုက်တယ့်Appa YiFan ဟာ
သူတို့ရှိရာကို ဝမ်းသာအားရလှမ်းသတင်းပို့လေသည်..."LuHannieလေး လာတယ်ဟေ့!! "
"သား...အိမ်ထဲဝင်ခဲ့! "
Taoကလည်း SeHunnie ကို ထမင်းခွံ့လျက်ဖြစ်နေတာကြောင့် ဧည့်ခန်းမှသာ လှမ်းအော်ခေါ်လိုက်ရသည်...
SeHunnie ကတော့ LuHannie လာတယ်ဟေ့လို့ကြားကတည်းက သူ့အမေခွံ့နေသော ထမင်းကိုပင် လှည့်မကြည့်တော့ဘဲ အိမ်အပေါ်ထပ်က သူ့အခန်းသို့ပြေးလေတော့သည်...
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"