အချိန်ကား ည ၁၂ နာရီပင်ရှိပြီ။
တီဗွီမှန်မှအရောင်မှိန်မှိန်သာလင်းနေသောဧည့်ခန်းထဲတွင် LuHannie နှင့် Baekhyunee တို့အတူရှိနေကြသည်။တီဗွီရှေ့မှ ဆိုဖာရှည်တွင်မထိုင်ကြဘဲ ကြမ်းပြင်တွင်ထိုင်နေကြပြီး ဘောလုံးပွဲကြည့်နေကြခြင်းဖြစ်သည်။
"LuHannie ရေဘူး ပေးဦး "
Baekhyunnee က လက်ထဲကစားလတ်စ မုန့်ထုပ်ကိုလည်း လက်ကမချသေး။ မျက်စိကလည်း တီဗီကိုငမ်းရင်း နံဘေးက LuHannie ဆီကိုတောင်းလေသည်။ သူတို့နှစ်ယောက်ထိုင်နေသောနေရာပတ်လည်သည် မုန့်ထုပ်ပတ်လည်ဝိုင်းခြင်းခံထားရသည်။ ကြမ်းပြင်တွင်ပြန့်ကျဲနေသော အမှိုက်တွေဆိုတာဟာလည်း မနည်းမနှော။
"ဟာ...ဂိုး...ဂိုး....ဂိုး.....ဟုတ်ပြီ! ......ဂိုးပြီ!!!!!!!!!"
သူတို့နှစ်ယောက်အားပေးသောဘက်မှ ပထမဆုံးဂိုးရသွားသဖြင့် နှစ်ကောင်သားကုန်းအော်ကြတော့သည်။ထိုစဉ် သူတို့နဲ့အတူ ပွဲအစကတော့ အတူလိုက်ထိုင်ကြည့်နေပေမယ့် အလုပ်ကပင်ပန်းထားတာကြောင့် ဆိုဖာရှည်ပေါ်တွင်အိပ်ပျော်နေသော Lay လည်း လန့်နိုးလာတော့သည်။
"ဟေ...ဘာဖြစ်ကုန်တာလဲ? "
လန့်နိုးလာသော Lay တစ်ယောက် ဆက်ပြီးထိုင်မကြည့်နိုင်တော့တာကြောင့် သူတို့နှစ်ယောက်ကိုဧည့်ခန်းမှာထားခဲ့ကာ ကိုယ့်မိန်းမရှိသောအိပ်ခန်းကိုသာပြန်လာခဲ့တော့သည်။ ဒီကလေးနှစ်ယောက် ဒီလိုအော်ကြမယ်ဆိုတာသိတာကြောင့် တီဗွီကိုဧည့်ခန်းမှာကြည့်ခိုင်းတာမှန်သွားလေသည်။သူတို့အိပ်ခန်းဘေးက Baekhyunee ရဲ့အိပ်ခန်းမှာသာ ဘောပွဲထိုင်ကြည့်ကြမယ်ဆို သူတို့လင်မယားနှစ်ယောက်လည်း အိပ်ရေးပျက်လျော့မည်။
Lay ထထွက်သွားပြီးခဏအကြာ
LuHannie ရဲ့ဖုန်းဆီသို့် Message တစ်စောင်ဝင်လာလေသည်။ပထမပိုင်းနားချိန်မို့့် LuHannie ဖုန်းကိုယူကြည့်လိုက်သည်။
စာက Oh Sehun ထံမှဖြစ်ပြီး
စာထဲမှာက အိမ်ရှေ့ကိုခဏလောက်ထွက်ခဲ့ဖို့ခေါ်ထားသည်။
YOU ARE READING
Candy
RomanceOh Sehun ♡ LuHan " Hannie ရေ.....ဝက်ပေါက်စရေ.... မင်းကငါ့အပိုင်နော်"