Part-1

23K 1.2K 125
                                    

"" Birth of Little Candies ""

တစ်​ခါက ညားခါစ လူလတ်​တန်းစား လင်​မယားနှစ်​တွဲဟာ မိဘရဲ့အရိပ်​​အောက်​က ခွဲထွက်​ကာ တစ်​အိုးတစ်​အိမ်​ထူ​ထောင်​ရန်​ စတင်​ခဲ့ကြတယ်။

တိတ်​ဆိတ်​​အေးချမ်းတဲ့ ရပ်​ကွက်​ငယ်​​လေးတစ်​ခုမှာ လုံးချင်းတိုက်​အိမ်​​လေးကိုငှါးပြီး ​ပြောင်း​ရွှေ့ခဲ့ကြတယ့်​ လင်​မယားနှစ်​တွဲဟာ တိုက်​ဆိုင်​စွာဘဲ တ​နေ့ထဲမှာ ​ရောက်​လာခဲ့တယ်​။

ခြံချင်းကပ်​ တိုက်​ချင်းဆက်​ လင်​မယားနှစ်​တွဲဟာ
ယခုမှသာစ​တွေ့​ပေမယ့်​လည်း အသစ်​ဖြစ်​​သော အိမ်​နီးချင်းအချင်းချင်း အရမ်းကိုလည်းခင်​ခဲ့ကြတယ်​။

တစ်​​အိမ်ရဲ့အခက်​အခဲကို တစ်အိမ်​က ​ဖေးမကူညီရင်း မိသားစုတစ်​စုပမာ ရင်းနှီးလာကြတဲ့ လင်​မယားနှစ်​တွဲဟာ တိုက်​ဆိုင်​လွန်းစွာဘဲ သားဦး ကိုယ်​ဝန်​လွယ်​ရချိန်​လည်း တချိန်​ထဲဖြစ်​ခဲ့ပြန်​တယ်​။

"မိန်းမ​ရေ...ကိုယ်​ ပြန်​လာပြီိ "

Taxi ​ပေါ်မှ ဆင်းဆင်းချင်း ခြံဝကတည်းကပင်
အူမြူးကာ မိန်းမကိုလှမ်း​အော်​​ခေါ်​နေ​သော
အမျိုးသားသည်​ Kin JongDae တဖြစ်လဲ Chen ​ဟု​ခေါ်​သော
လခစားရုံးဝန်​ထမ်းတစ်​ဦးဖြစ်​သည်​။

အိမ်​ထဲကိုဝင်​လျှင်​ဝင်​ချင်း
လသား က​လေးငယ်​ကိုပို်​က်​ကာ ကြိုလျက်​ရှိ​သော
မိန်းမဖြစ်​သူ Xiumin က သူမ​ယောက်ျားအူမြူးလာ​သောအ​ကြောင်းကို​မေး​လေသည်​။

"ရှင်​ ​ပျော်​စရာတစ်​ခုခုများရှိလာသလား Chen "

Chen က သူ့မိန်းမလက်​ထဲက သား​လေးကို
မွှေး​မွှေး​ပေးကာ သူ့မိန်းမကိုလည်း ပြွတ်​ခနဲနမ်းလိုက်​ရင်း ​ဖြေသည်​...

"ကိုယ်​ ရာထူးတိုးတယ်​​လေ... "

"ဟယ်​...ဟုတ်​လား? "

" Omm...ကိုယ်​က အခုဆိုရုံးမှာ ဒုတိယရာထူးအကြီးဆုံးဖြစ်​ပြီ မိန်းမရဲ့..."

" ရှင့်အတွက်​ ဂုဏ်​ယူပါတယ်​ရှင်​...ဒါဆို ကျမတို့ ဂုဏ်​ပြုပွဲကျင်းပရမယ်​​လေ ဟုတ်​တယ်​မလား?"

Candy Where stories live. Discover now