Part-18

7.1K 798 248
                                    


"LuHannie! LuHannie! အိပ်​ယာမထ​သေးဘူးလား? "

အခန်းတွင်းမှ တုန့်​ပြန်​သံမကြားရတာ​ကြောင့်
မားXiu သည်​ စွတ်​ပြုတ်​နှင့်​​ဆေး ထည့်​လာ​သော​ဗန်းကိုကိုင်​ရင်း အခန်းတွင်းသို့ဝင်​လာခဲ့​တော့သည်​။အခန်းထဲမှာ​တော့ LuHannie သည်​ ကုတင်​​ပေါ်တွင်​ ​စောင်​နှင့်​လုံး​ထွေး၍အိပ်​​ပျော်​​နေဆဲ။
ဗန်းကို ​ဘေးနားကစားပွဲ​ပေါ်ချပြီး LuHannie ကို နှိုးလိုက်​သည်​။

"ဟဲ့​ကောင်​​လေး! ​နေဖင်​ထိုး​နေပြီ ထ​တော့ "

"ဟင်​? အင်းး ဟင့်​အင်း "

အိပ်​မှုံစုံမွှား နှင့်​ထူးချင်​ရာထူးပြီးဆက်​အိပ်​​နေတာ​ကြောင့်​ မားXiuသည်​ လုံး​ထွေး​နေ​သော​စောင်​ကြီးကိုဆွဲယူကာ​အော်​ပြန်​၏။

"​နေမ​ကောင်းဘူးဆို? ​Sehunnie က​ပြောသွားတယ်​ ထ ထ ​ဆေး​သောက်​ရ​အောင်​  "

LuHannieသည်​ Sehunnieဆို​သောနာမည်​ကိုကြားတဲ့အခါ မျက်​လုံးမပွင့်​ခင်​ကတည်းက မျက်​နှာကိုရှုံ့မဲ့ထားသည်​။မားXiu သည်​​တော့ ​​စောင်​ကြီးကို​ခေါက်​ရင်း LuHannie သည်​ က​လေးမဟုတ်​​တော့​ကြောင်း၊LuHannie သည်​ ​ယောက်ျားရသွားပြီဖြစ်​​ကြောင်း၊ လင်​​ယောက်ျားကိုမည်​သို့သ​ဘောထားရမည်​ဖြစ်​​ကြောင်း၊မည်​သို့ပြုစုရမည်​ဖြစ်​​ကြောင်း၊မည်​သို့သည်းခံရမည်​ဖြစ်​​ကြောင်းများကို တ​ဗျစ်​​တောက်​​တောက်​​ရေရွတ်​​နေပါ​တော့သည်​။

မားXiu သည်​ ​စောင်​​ခေါက်​ကို​ဘေးချပြီး
သူမ​၏စကားကို မဲ့ရှုံ့ ​နေ​သောမျက်​နှာဖြင့်​နား​ထောင်​​နေ​သော LuHannie ၏ တင်​လုံးလုံးအား ​ဖြောင်းခနဲ​ဖြောင်းခနဲ​နေ​အောင်​နှစ်​ချက်​​ ဆော်​ထည့်​လိုက်​သည်​။

"အား!! "

ပေကပ်​အိပ်​​နေ​သောLuHannie တစ်​​ယောက်
ငုတ်​တုတ်​ထထိုင်​ပြီး​အော်​ရပါ​တော့သည်​။

" အား! နာလိုက်​တာ! ​သေ​တော့မှာဘဲ မားရာ! ကိုယ့်​သား​လေးကို ​သေ​အောင်​သတ်​​နေတာလား​ဗျာ!"

တင်​ပါးကိုမထိတထိဖွဖွပွတ်​ရင်း​အော်​ညည်း​နေ​သောLuHannieကို မား Xiuက အထူးတဆန်းကြည့်​သည်​။အရင်​ကလည်း အိပ်​​ရေးမက်​လွန်းပြီးနှိုး​ရခက်​​သောသူမ၏သားကို ဒီလိုဘဲနှိုးရတာ မဟုတ်​လား။တစ်​ခါတစ်​​လေ မဖြုံဘဲ​တောင် ​ဆက်​အိပ်​​နေတာကိုများ။
မားXiu က​ပြောလိုက်​သည်​။

Candy Where stories live. Discover now