Part-22

6.4K 662 132
                                    

Sehunnie နှင့် ​LuHannie တို့ကဲ့သို့
ထိုင်းသို့​ပြောင်း​ရွေ့လာသည်​ဖြစ်​တဲ့ ဆရာPark နှင့်​ Baekhyunee တို့၏ တိုက်​က​လေးတွင်​ဖြစ်​သည်​။LuHannie တို့ငှါး​နေ​သော ရပ်​ကွက်​တွင်​သာ ​နေခြင်းဖြစ်​​သော်​လည်း လမ်းချင်း​တော့ မတူ။

တိုက်​က​လေး​တွေက ခြံဝန်း​ငယ်​ငယ်​ပါ​သော တစ်​ထပ်​တိုက်​ပုက​လေး​တွေ တစ်​ပုံစံတည်းရှိ​သော ရပ်​ကွက်​ငယ်​မှာဖြစ်​၏။

ဆရာPark သည်​ ဧည့်းခန်းမှ ဆိုဖာတွင်
ထိုင်​လိုက်​၊ ခဏကြာ ထရပ်​လိုက်​ ပြီးရင်​ ပြန်​ထိုင်​လိုက်​ ၊ ​ခေါင်းကုတ်​လိုက်​နှင့်​ ဂနာမငြိမ်​ဖြစ်​​နေသည်​။ဧည့်​ခန်းမှ လှမ်းကြည့်​လျှင်​ မြင်​​နေရ​သော မီးဖို​ချောင်​တွဲလျက်​ ထမင်းစားခန်းကိုတစ်​ချက်​လှမ်းကြည့်​လိုက်​​တော့ ချစ်​ရသူ​ ဗိုက်​ပူပါပီ၏ ​ကျောပြင်​​သေး​သေးတစ်​ခု။

လှမ်းကြည့်​​နေရင်းမှပင်​ မဖြစ်​​သေးပါဘူးဟု​တွေးရင်း ထမင်းစားခန်းထဲဝင်​လာလိုက်​ရသည်​။
ဝင်​ဝင်​ချင်း အဝတွင်​ ပြုတ်​ကျ​နေသည်​က ဘီယာဘူးအခွံတစ်​လုံး။

Chanyeol မဟုတ်​​လောက်​ပါဘူးဟု​တွေးရင်းကပင်​ ချစ်​​သော​ဘေဘီ​ဗိုက်​၏ မျက်​နှာချင်းဆိုင်​ကိုလည်း​ရောက်​သွား​ရော ​ထပ်​​တွေ့လိုက်​ရသည်​က ​​မှောက်​ခုံဖြစ်​​နေကြ​သော ဘီယာဘူးခွံများ။

" ​က​လေး! "

Chanyeol မျက်​လုံးများပြူးသွားရ၏။

Baekhyunee သည်​ မျက်​လုံးမပွင့်​တပွင့်​နှင့်​ သူ့ကို​မော့ကြည့်​လာသည်​။ကြာကြာမကြည့်​နိုင်​။ ချက်​ချင်း ​ခေါင်းငိုက်​ကျသွားပြန်​သည်​။ Baekhyunee ၏ လက်​ထဲမှာကလည်း ​သောက်​လတ်​စ ဘီယာတစ်​ဘူးရှိ​နေ​သေးတာပင်​။

" ​က​လေး! ဒါ​တွေ တကယ်​​သောက်​ပစ်​တာလား?"

"အွန်း! အဟီး ဟီး "

ငမူး​လေးက ​ခေါင်းကိုဆတ်​ခနဲငြိမ့်​ကာ ပြုံးဖြဲဖြဲရယ်​ရင်း​ဖြေ၏။

ဘေဘီ​ဗိုက်၏ ချင်​ချင်းတက်​ခြင်းသည်​ သူများနှင့်​မတူ။ အစပ်​ အငံ အခါး စသည်​တို့မဟုတ်​ဘဲ ဘီယာ​သောက်​ချင်​သည်​တဲ့။ အရက်​​သောက်​ချင်​သည်​တဲ့​လေ။ Chanyeol မှာ တခြား အစားအ​သောက်​၊​အ​ဖျော်​ယမကာများဖြင့်​ ​ဖျောင်းဖြ​သော်​လည်း လက်မခံ။ မပူဆာစဖူး ​ခြေ​ဆောင့်​ပြီးကို ပူ​ဆာ​လေ၍ တစ်​ကတ်​သွားဝယ်​​ပေးခဲ့သည်​။

Candy Where stories live. Discover now