Part-20

7.3K 806 181
                                    


"Hannie ​ရေ "

Sehun အိမ်​ထဲဝင်​လာလာချင်း
သူအပြင်​မသွားခင်​က ဧည့်​ခန်းထဲမှာဘဲငြိမ်​ငြိမ်​ထိုင်​​နေရန်​ ​သေချာမှာထားခဲ့​သော Hannie သည်​ ဧည့်​ခန်းထဲမှာမရှိ။

"Hannie! "

နဂိုကမှ အစားကို ​ယောက်ျားဖြစ်​သူSehun ထက်​ပိုမက်​တဲ့ ဝက်​က​လေးက အခုလို ​ဗိုက်​နဲ့ဆို​​တော့ ချဉ်​ခြင်းတက်​ပါတယ်​ဆို တဲ့ အစားအ​သောက်​စုံစီနဖာကို ပတ်​​ဝယ်​​နေရ၍ Sehun အပြင်​ထွက်​သွားချိန်​က နှစ်​နာရီ​​လောက်​ကြာသွားသည်​။ဒါ​တောင်​ အိမ်​မှာ Hannie တစ်​​ယောက်​တည်းထားခဲ့ရတာမို့ ​နောက်​ကကျားလိုက်​သလို အ​ပြေးအလွှား​ဝယ်​ခဲ့ရတာဖြစ်​သည်​။Market ထဲက လူ​အချို့ ကပင်​ ​ဈေးဝယ်​ဂိမ်းပြိုင်​​နေသလား​အောက်​​မေ့ရ​အောင်​​ပြေးလွှား​နေ​သောသူ့ကို အထူးအဆန်းကြည့်​သွားပါ​သေး၏။

Sehun အထုပ်​ပလုတ်​​တွေကိုလက်​ကဆွဲရင်းပင်
မီးဖို​ချောင်​ထဲဝင်​လာလိုက်​သည်​။နှုတ်​မှလည်း ဟန်​နီ၊ဟန်​နီနှင့်​ တ​ကြော်​​ကြော်​​အော်​​ခေါ်ရရင်း။
မီးဖို​ချောင်​ထဲအ​ရောက်​မှာ​တော့ Sehun မျက်​လုံး​တွေပြူးသွားရသည်​။

ပေါင်​မုန့်​အချပ်​ချပ်​က​လေး​တွေပါ​သောအထုပ်​ကြီးက​ပေါက်​​နေပြီး အတွင်းမှာ သုံး​လေးခုသာကျန်​သည်​။နံ​ဘေးမှာ စ​တော်​ဘယ်​ရီယိုဘူးက ပွင့်​လျက်​။ယို ကို ​ပေါင်​မုန့်​မှာခပ်​သုတ်​ထားပုံရ​သော ဇွန်းက​လေးက ကြမ်းပြင်​​ပေါ်မှာပြုတ်​ကျလို့။ယိုစက်​​တွေကလည်း ဟိုတစ်​စက်​သည်​တစ်​စက်​နှင့်​။

"Hannie ​ရေ! "

Sehun လက်​ထဲကအစားအ​သောက်​ထုပ်​​တွေကိုစားပွဲ​ပေါ်တင်​ကာ ထိုအရာများကိုအရင်​ရှင်းလိုက်​ရသည်​။ဝယ်​လာသည့်​အထဲမှာ အမဲသားအစိမ်း​တွေလည်းပါတာမို့ ​ရေခဲ​သေတ္တာထဲထည့်​ရန်​ လှပ်​လိုက်​​တော့ အတွင်းမှာလည်း ဆူနာမီမုန်​တိုင်းအဝင်​ခံထားရသည်​ထင်​၏။

ဒိန်​ခဲဘူးက တစ်​ဝက်​​တိတိလျော့​နေသည်​။
နို့ပုလင်းကလည်း အဖုံး​မပိတ်​ထား။တခြား​သော အသင့်​စားဘူး​ပေါင်းများစွာသည်​လည်း ထိုနည်းတူ။ ​ဈေးသွားမဝယ်​ခင်​က  Hannie ကသူ့ ကို​ပြောရှာပါသည်​။ရေခဲ​သေတ္တာထဲမှာ​ရှိ​နေတဲ့ အစား​အေ​သာက်​တွေကို ခံတွင်းမ​တွေ့၍ သူတစ်​ခုမှမစားချင်​ဘူးဆိုပြီး သူစားချင်​တာ​တွေရွတ်​ပြ ပူဆာလို့ဘဲ Sehun မှာ ည​နေမိုးချုပ်​ ​ရေမိုးချိုးပြီးမှ အိမ်​ပြင်​ထွက်​​ဈေးဝယ်​ခဲ့ရပါသည်​။

Candy Where stories live. Discover now